အပိုင်း ၂၃

6.3K 325 22
                                    


Gနိုင်ငံကိုရောက်တာတစ်ပါတ်ပြည့်ပြီ။
"အခြေနေကမထူးခြားသေးပါဘူး"ဆိုတဲ့စကားသာ ပုံသေလိုဖြစ်နေတာ။

ကန့်လန့်ကာတွေဖွင့်ထားတဲ့မှန်ပြတင်းကျယ်ကြီးရှေ့ရပ်ရင်း မိုးသည်းညအောက် မီးရောင်လွှမ်းနေတဲ့မြို့တော်ကြီးကိုစီးမိုးကြည့်မိသည်။ထိပ်ဆုံးထပ်မို့ တစ်မြို့လုံးကိုအထက်စီးမှမြင်နေရလေသည်။

ဆုံးဖြတ်ချက်တစ်ခုအားသေချာစွာချပြီးနောက် ကျောက်စက်ဆီဖုန်းခေါ်လိုက်သည်။

"ဟယ်လို ကိုCean "

"ငါပြောတာကိုသေချာနားထောင် တစ်ခုမှမလွဲစေနဲ့"

"ဟုတ်ကဲ့"

"ငါပြန်လာရင် တစ်မြို့လုံးမှာရှိတဲ့စံပယ်ပင်တွေအကုန်ငါ့ခြံထဲမှာပဲမြင်ချင်တယ် စတော်ဘယ်ရီနှစ်ဧကပါခြံထဲမှာစိုက်လိုက် ပြီးတော့ အိမ်အတွင်းအပြင်Decorationကိုလည်း ငါပို့ပေးတဲ့အတိုင်းအကုန်ပြောင်း အဲ့ဒီအတွက်တစ်လအချိန်ပေးမယ် လူအင်အားငွေအင်အားကိုကြိုက်သလိုသုံး ငါပြန်လာရင် အဆင်သင့်ဖြစ်နေပါစေ"

"ဟုတ်ကဲ့ ကျွန်တော်မှတ်မိပါတယ်"

ဖုန်းချပြီးသည်အထိ သူထိုနေရာကမခွာသေး။

"တစ်လ ....အချိန်တစ်လပေးမယ်ငယ်ငယ်လွတ်လွတ်လပ်လပ်နေ ပြီးရင်တော့ကိုယ့်အတောင်အောက်မှာပဲဆက်ရှင်သန်သွားရမယ် မင်းရဲ့ဖြစ်တည်မှုကိုကကိုယ့်အပိုင်ဖြစ်ဖို့ သတ်မှတ်ထားပြီးသား"

ကြုံးဝါးမှုအဆုံး လျှပ်စီးကဝင်းကနဲလက်သလို မိုးချုန်းသံကပ်ပါလာပုံကသူ့စကားကိုအားပေးနေသယောင်....

...............

"ဟပ်ချိုး....ဟပ်ချိုး"

"ကဲ ခုတော့ဖြစ်ပြီမဟုတ်လား မိုးရာသီမိုးရေချိုးတာအပြစ်မပြောဘူး ခုတော့တစ်နေကုန်လျှောက်ဆော့နေတာလေ"

တိမ်ငွေ့ကပါးစပ်ကလည်းပြောရင်း လူကိုလည်းစောင်နှင့် ထုပ်နိုင်သမျှထုပ်ထားလေသည်။စောင်ပုံကြီးကြား မျက်နှာလေးသာပေါ်နေသူအား ဆေးတိုက်ဖို့ပါပြင်ပေးနေလေသည်။

"ဆေးခါးခါးကြီးမသောက်ချင်ပါဘူး ဟပ်ချိုး"

"မသောက်ချင်လို့မရဘူး မနက်ဖြန်ပိုဆိုးလာလိမ့်မယ် ဆေးဆရာလည်းနီးနီးနားနားရှိတာမဟုတ်ဘူး"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Onde histórias criam vida. Descubra agora