"ဗုန်းးးးးး""အဲ့တာတွေကဘာတွေလဲ ဒီလိုအသုံးမကျတာတွေတင်ပြဖို့ မင်းရဲ့အချိန်တွေကိုအကုန်ခံနေတာလား"
စားပွဲပေါ်ပစ်တင်လိုက်တဲ့ဖိုင်တွဲကြောင့် အားလုံးခေါင်းမမော့ရဲကြ။တိတ်ဆိတ်နေတဲ့ Meeting Roomက သူ့ဒေါသတွေကိုသာပိုတိုးလာစေသည်။
"နောက်တစ်ပါတ်မှာပိုကောင်းတဲ့ရလာဒ်ကိုလိုချင်တယ် မလုပ်နိုင်ဘူးထင်ရင်အကုန်ထွက်ကြ"
ပြောရင်းထိုအခန်းမှထွက်လာခဲ့တော့ ကျောက်စက်ကနောက်မှပါလာသည်။ခြေလှမ်းကျယ်ကြီးတွေနောက် အပြေးအလွှားလိုက်နေသူက သူ့ဒေါသကိုသိ၍ဘာမှပြောမလာ။
အခန်းထဲပြန်ရောက်တော့ အပေါ်Coatကိုချွတ်ကာSofaထက်ပစ်တင်ပစ်သည်။လူပါဝင်ထိုင်လိုက်ရင်း Shirtအင်္ကျီကြယ်သီးအပေါ်နှစ်လုံးဖြုတ်ပစ်လိုက်မှ စိတ်ကျဥ်းကြပ်မှုကအနည်းငယ်သက်သာသွားသည်။
"ကိုCean စားချင်တာတစ်ခုခုရှိလား နေ့လည်စာမစားရသေးဘူးမှတ်လား"
"ဘာမှမစားချင်ဘူး ခဏနေHorizonဆီသွားမှာ သူနဲ့စားလိုက်မယ်"
"ညနေ DinnerကိုရောကိုCeanတက်ဖြစ်မှာလား"
"မတက်ဖြစ်လောက်ဘူး ငါ့အစားမင်းပဲသွားလိုက်တော့ ငါသွားစရာရှိသေးလို့ "
"ဟုတ်ကဲ့ အဲ့တာဆိုကျွန်တော်သွားတော့မယ်နော်"
"OK"
တစ်ယောက်တည်းကျန်ခဲ့တဲ့အခန်းထဲ တိတ်ဆိတ်ခြင်းတွေသာ ပြည့်နှက်နေသည်။တိတ်ဆိတ်မှုဆိုတာ အတွေးများစေဖို့အတွက်တွန်းအားတွေပါပဲ။
စိတ်ထဲအလိုမကျခြင်းတွေက ဘာကိုဘယ်လိုဖြစ်စေချင်နေသည်မသိ။အိပ်ယာထတဲ့အချိန်မှစကာ အိပ်ယာဝင်ချိန်အထိသူ့စိတ်ထဲတစ်ခုခုလိုအပ်နေသလိုမျိုး။
ဖုန်းထဲရှိခဲ့ဖူးသည့်နံပါတ်ဟောင်းလေးတစ်ခုကတောင် အမည်မသိဒဏ်ရာတစ်ခုလို။အမည်မတပ်ထားမိတဲ့ ထိုဂဏာန်းလေးတွေ စိတ်ထဲမှာစွဲထင်နေတာ သူဉာဏ်သိပ်ကောင်းလို့ဖြစ်မှာ။
အပြင်ဘက်ရာသီဥတုကသိပ်ပူနေမှာ။ Airconခန်းထဲထိုင်နေတဲ့သူရင်တွေပူနေတာသာကြည့်။နွေရာသီနဲ့အတူအရည်တွေပျော်ကျခမန်း။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)