အပိုင်း ၂၇

6.6K 324 9
                                    


ဆွေးနွေးမှုပဲအဆင်ပြေသွားသလား တစ်ဖက်သတ်ပဲဖြစ်ချင်တာလုပ်လိုက်သလားမသိသော်ငြား မဂ်လာနေ့ရက်သတ်မှတ်ခြင်းနှင့်လိုအပ်သည့်အရာအားလုံးပြင်ဆင်မှုအတွက် သဘောတူညီမှုရသွားပြီဟုဆိုလာလေသည်။

မဂ်လာပွဲကိုတော့ နောက်လဆောင်းဦးမှာကျင်းပမှာဖြစ်သည်။အခမ်းနားအပြင်အဆင်နှင့် အကျွေးအမွေးအားလုံးကိုAlphaကြီးမှတာဝန်ယူမည်ဖြစ်ပြီး မဂ်လာပွဲကိုသူပိုင်သည့်ကျွန်းမှာပြုလုပ်မည်ဖြစ်သည်။

ငယ်ငယ်ကစိတ်ရှုပ်မခံချင်ဟုဆိုလာသောကြောင့် အထက်တန်းလွှာအသိုင်းဝိုင်းမှအရေးပါသူများနှင့်ဆွေမျိုးများကိုသာဖိတ်ကြားကာ တစ်နိုင်ငံလုံးကို Liveလွှင့်မည်ဟုဆုံးဖြတ်လေသည်။တဇွတ်ထိုး Alphaကြီးကို ဘယ်သူမှမနိုင်သောကြောင့်အားလုံးခေါင်းညိတ်ရမြဲ။

နောက်တစ်ကြိမ်တစ်နိုင်ငံလုံးကို တုန်လှုပ်စေသည်မှာ သူတို့နှစ်ယောက်၏Pre Weddingပုံတွေနှင့် အသစ်ထုတ်လာသော ဥပဒေနှစ်ရပ်ကြောင့်ပင်။

ပထမဥပဒေမှာ တစ်နိုင်ငံလုံးစံပယ်ပင်​ရောင်းခွင့်မရှိခြင်းပင်။ရောင်းချသည်ကိုတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်းထုတ်ပြန်လာသောကြောင့် အားလုံးဆွံ့အကုန်လေသည်။အဲ့လိုဥပဒေကဘယ်တုန်းကရှိခဲ့ဖူးလို့လဲ။

ပျံ့နှံ့လာသောကောလဟာလတစ်ခုအားကြားရမှသာ အခြေနေကိုရိပ်မိတော့သည်။နိုင်ငံကျော်Dominant Alphaကြီး၏တွန့်တိုမှုက ယုတ္တိမရှိတာတော့မဟုတ်ပေ။သူ့ပိုင်ဆိုင်မှုရဲ့ရနံ့ကိုတခြားလူကရှူရှိူက်ခွင့်ရနေမှာ ဘယ်သူကရက်ရောမှာတဲ့လဲ။

ဒုတိယဥပဒေကိုတော့ လက်သင့်ခံနိုင်လေသည်။Omegaများအား စီးကရက်ရောင်းချခွင့်မရှိခြင်း၊သူတို့နှင့်အနီး စီးကရက်သောက်ခွင့်မရှိခြင်းပင်။စီးကရက်သောက်၍ ဆိုးကျိုးတွေသာရှိသည့်အပြင် အငွေ့ရှူရှိူက်ရသူအဖို့လည်းကျန်းမာရေးထိခိုက်သောကြောင့်ဖြစ်သင့်သည့်ဥပဒေတစ်ခုပါပဲ။

နောက်ထပ်အကြောင်းအရာမှာ Pre Weddingပုံများ တရားဝင်ချပြလာခြင်းပင်။အခန့်ညားဆုံးAlphaကြီးနှင့် အလှလေးတို့အားတွဲမြင်ရခြင်းမှာမျက်စိပသာဒရှိလှပေသည်။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now