အပိုင်း ၃၁

6.5K 275 10
                                    


လမ်းတစ်လျှောက်တိတ်ဆိတ်မှုကြောင့် ခရီးကပိုဝေးနေသလိုမျိုး။အေးစက်နေတဲ့အခြေအနေက ပြင်ပအအေးထက်ပိုကဲစွာ။နှင်းမှုန်တွေဝေ့နေတာကြောင့် မရှင်းလင်းတဲ့ပတ်ဝန်းကျင်လိုမျိုး သူတို့နှစ်ယောက်ကြားအခြေနေကလည်းထိုနည်းတူ။

လက်မလျှော့တဲ့သူ့ဇွဲတွေကြောင့် မဂ်လာပွဲကိုအပါခေါ်နိုင်ခဲ့သလိုမျိုး သူ့ဘဝထဲကိုလည်းဆွဲခေါ်လို့ရလျှင်သိပ်ကောင်းမည်။နှလုံးသားမာရသွန်မှာ တစ်ဖက်တည်းပြေးနေရတာမို့ သိပ်အရာမထင်ပေမယ့်ပေါ့။

အနိုင်ရသွားလို့လက်ခုပ်သံတွေမရှိခဲ့ရင်တောင် ကိုယ်လိုချင်တာဆုဖလားလေးပေမို့ အများအမြင်ကိုဂရုမစိုက်ဘူး။သနားလို့ပေးအပ်လာမယ့် ဇွဲဆုလေးဆိုရင်တောင် ကိုယ်မက်မောနေဆဲပဲလေ။

"ကိုယ် အရင်ကလိုအမြဲလာလည်ခွင့်ရှိမလား"

".............."

"ပျိုးပင်ဝယ်နေကျဖောက်သည်တစ်ယောက်လိုဆိုရင်တောင်မရဘူးလား"

"..........."

"မင်းလက်နဲ့ပျိုးထားတဲ့အပင်တွေကို ကိုယ်တကယ်မြတ်နိုးတာ"

"ပထဝီ"

"ဗျာ"

"မင်းဘာလို့ငါ့ကိုသဘောကျတာလဲ"

"အကြောင်းပြချက်မရှိဘူးလေဥယျာဥ်မှူးလေးရယ် ငွေ့ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်ကလွဲရင်ပေါ့"

"Alpha အချင်းချင်းဆိုတာရောမင်းသိရဲ့လား"

"ကိုယ် သိပါတယ်"

"Sexကိစ္စကိုရောမင်းဘယ်လိုတွေးထားလဲ"

ခဏတာဆွံ့အသွားတာက မတွေးဖြစ်ခဲ့ဖူးတဲ့ မေးခွန်းတစ်ခုကြောင့်အဖြေမဲ့နေတာ။

"​အင်းပေါ့လေ Dominant Alphaတစ်ယောက်ဖြစ်တဲ့အပြင် မိသားစုအရှိန်အဝါတွေနဲ့ဆိုတော့ အောက်ကျို့တော့ဘယ်ခံပါ့မလဲ"

နှုတ်ခမ်းတွန့်လို့ဆိုလာသူက သူသိပြီးသားဆိုသောအထာနှင့်။

"အဲ့လိုမရှိခဲ့ပါဘူးငွေ့ မြတ်နိုးမှုနောက်မှာကပ်ပါလာတဲ့တဏှာဆိုတာ ကိုယ့်အတွက်မဖြစ်မနေမှမဟုတ်တာ"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now