အပိုင်း ၃၉

10.3K 475 8
                                    


"ဘယ်အထိသွားရအုံးမှာလဲ"

"ရောက်တော့မှာပါငွေ့ရယ်"

"မင်းရောက်တော့မှာဆိုတာလွန်ခဲ့တဲ့တစ်နာရီကတည်းက"

"တကယ်ခဏလေး​ပါကွာနော်"

"ငါ့ကိုပြန်ပေးတော့ဆွဲလာတာမဟုတ်ဘူးမို့လား"

"ဆွဲချင်းဆွဲပြန်မပေးပဲဆွဲချင်တာ ပြန်ပေးချင်ရင်ဆွဲနေပါ့မလား"

"အရူး"

"ဟုတ်တယ်ကိုယ်ကရူးနေတာလေ ငွေ့ပြန်မချစ်ပေးလို့"

တိတ်တဆိတ်ဟိုဘက်လှည့်ကာမကြားချင်ယောင်ဆောင်သွားသူကိုကြည့်ပြီးပြုံးမိသည်။

လမ်းကြမ်းတွေကိုဖြတ်မောင်းတော့ ဖုန်လုံးတွေကဝေ့ကျန်ခဲ့သည်။လူသူအရောက်အပေါက်သိပ်မရှိတာမို့ခြုံနွယ်တွေကအထပ်ထပ်။

"အခုသွားမယ့်နေရာက ကိုCeanဆီကလက်ဆောင်တောင်းထားတာ"

"ဘာလုပ်ဖို့လဲ"

"ရောက်ရင်သိမှာပေါ့ဗျာ"

ပြန်ဖြေဖြစ်ရင်းကားကိုစက်သပ်လိုက်သည်။

"ရောက်ပြီဗျာ"

နားမလည်နိုင်သူကတောင်ကြည့်မြောက်ကြည့်နှင့် ဘေးဘီဝဲယာအကုန်လိုက်ကြည့်နေသည်။တောင်ကုန်းမြင့်လေးနှင့်အတူ ဘေးဘက်မှခြုံတောတွေသာ ပတ်လည်ဝိုင်းနေတာ။

"လာပါဗျာ ပြီးရင်အံ့ဩသွားစေရမယ်"

ပြောရင်းလက်ကိုဆွဲကာတောင်ကုန်းလေးပေါ်တက်သည်။တောင်ထိပ်လေးပေါ်ရောက်တော့သူဘေးချင်းယှဥ်ရပ်မိကာ ရှေ့မှလွင်ပြင်ကြီးကိုမေးငေါ့ပြမိသည်။

"သဘောကျလား"

အံ့ဩတကြီးဖြစ်သွားသူကပါးစပ်အဟောင်းသားနှင့် သူ့အမေးကိုကြားဟန်မတူ။

"မင်း.....မင်း.....ဒါတွေကဘယ်လို"

စကားတွေတောင်ရောက်မြောက်ရောက် ဖြောင့်အောင်တောင်မပြောနိုင်တော့သလို လိုရင်းဆီလည်းမရောက်။

ရှေ့မှလွင်ပြင်ကြီးမှာတော့ Poppyတွေကအဆုံးမဲ့ပွင့်လန်းနေသည်။ဆည်းဆာရောင်အောက်ပတ္တမြားရောင်တောက်နေတာက မြင်သူတိုင်းသဘောကျမိကြမှာ။အဆိပ်ရှိတာကိုဖယ်လိုက်ရင်ပေါ့။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now