"ငယ်ငယ် နေမကောင်းဘူးလား""ကောင်းတယ်ကိုကို"
ထမင်းပန်းကန်ကို စိတ်မပါစွာမွှေရင်း ဖြေလာသံကတိုးရှရှ။မော့မကြည့်လာဘဲအတွေးတွေထဲနစ်နေသူလေးကို သူ့ပေါင်ပေါ်ဆွဲပွေ့ပစ်လိုက်သည်။
"ထမင်းမစားချင်ဘူးလား"
ခေါင်းခါပြလာပြီးသူ့ပုခုံးထက်မေးတင်ကာလည်ပင်းကိုသိုင်းဖက်ထားလေသည်။
"ညကဘာဖြစ်လို့လဲ ကိုကို့ကိုပြော"
"ဟင့်အင်း"
"အဲ့လိုမနေပါနဲ့ကလေးရဲ့ ငယ်ငယ်ဖြစ်တာကိုပြောပြမှ ကိုယ်ကကူညီပေးလို့ရမှာပေါ့ ငယ်သိတယ်မလား ကိုကိုကငယ်ဖြစ်ချင်တာတွေအကုန်လိုက်လျောပေးမှာ"
ကျောပြင်လေးသပ်ပေးကာ ခေါင်းလုံးလုံးလေးထက်နှုတ်ခမ်းတွေဖိကပ်ထားမိသည်။သူ့ကလေးမျက်နှာညိုရင် သူ့ကိုယ်ပိုင်ကမ္ဘာထဲမုန်တိုင်းဝင်လာသလိုမျိုး။
"..............."
"မနေ့ညကလူတွေကိုမကြိုက်ဘူးမလား"
"ဟုတ်"
"ဟုတ်ပြီနော် နောက်ဆိုရင်ငယ်သူတို့နဲ့မတွေ့စေရဘူး ကိုကိုကတိပေးတယ် ငယ်ကအခုလိုမနေရဘူးလေ ကိုယ့်ကိုပြုံးပြပါအုံး"
မျက်နှာလေးရှေ့ကိုဆွဲယူကာမေးတော့ မယုံသလိုလေးကြည့်လာလေသည်။
"ဘာလို့မတွေ့ချင်တာလဲလို့ မမေးတော့ဘူးလား"
"ငယ်ကမတွေ့ချင်လို့ဆိုမတွေ့ချင်လို့ပေါ့ ကိုယ့်ကိုအကြောင်းပြချက်တွေပေးဖို့မလိုပါဘူး ငယ့်စိတ်ဆန္ဒကသာအဓိက အကယ်၍ရုပ်ဆိုးလို့မကြည့်ချင်တာလို့ပြောလာရင်တောင် ကိုယ်ကလက်ခံပေးအုံးမှာ "
"ဟွန့်.. လျှောက်ပြောနေတယ်"
အခုမှစိတ်ကြည်လင်လာပုံပေါက်တာမို့ သက်ပြင်းတစ်ချက်ခိုးချရသည်။အိပ်ယာနိုးကတည်းက မျက်နှာလေးနွမ်းနေတာမို့ သူ့မှာစိတ်မချမ်းသာ။
မျက်နှာသစ်သွားတိုက်ကအစ သူလုပ်ပေးသမျှငြိမ်ခံနေသူကခါတိုင်းလိုအတွန့်တက်မလာ။စိတ်မကြည်လင်စရာတွေကိုပြန်တွေးခိုင်းရအောင်အထိလည်း သူကခွင့်မပြုနိုင်။ဒါကြောင့်သူလေးစိတ်အေးချမ်းဖို့ သူစကားတွေပြောပေးနေရတာ။
![](https://img.wattpad.com/cover/365762752-288-k353010.jpg)
YOU ARE READING
OCEAN (or)သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ် OCEAN (or)သမုဒၵရာပိုင္တဲ့လျခမ္းငယ္ငယ္
Paranormalမင်းကိုပိုင်ဆိုင်ခွင့်နဲ့ပတ်သပ်လာရင် ကံကြမ္မာကိုတောင်စိန်ခေါ်ပစ်မယ်ငယ်ငယ်