Chapter 20

170 30 24
                                    

Unicode

၂၁ရာစုကသောမတ်စ်ဝိန်း

"အစ်ကို ပြန်မသွားလို့ရမလား"

ဝိန်း၏မျက်နှာကကယ်ဆယ်၍တောင်မရတော့။
ဝီလီယမ်လည်းဝိန်းကိုသာငေးကြည့်နေရင်းပြောစရာစကားလုံးပင်မရှိတော့ပါချေ။

"ငါအလုပ်တွေရှိတယ်"

"အစ်ကို ကျွန်တော့်ကိုမချစ်ဘူးလား"

"ငါ...ငါ.."

ဝီလီယမ်သည်ရှေ့ဆက်ရမယ့်အလိမ်စကားကိုပြောမထွက်နိုင်ခဲ့ပါ။ထိုစကားလုံးလေးသည်သိပ်ကိုတန်ဖိုးရှိလွန်းလှ၍လိမ်မပြောချင်။စကားလုံးတို့ကလည်ချောင်းထဲမှာပဲတစ်ဆို့လျက်အကြည့်သာလွှဲလိုက်သည်။

တစ်ဖက်ခြမ်းရှိကုတင်ပေါ်မှဂျီမင်းမှာတော့ပြူးတူးကြောင်တောင်လေးသာတိုက်ပွဲကိုစောင့်ကြည့်နေသည်။
သူ့အပိုင်းမဟုတ်တော့ဝင်ပြော၍လည်းမရပြန်...

"ချစ်လားလို့ ဖြေ!"

"ဒီအသက်အရွယ်ပဲရောက်နေပြီ ရင့်ကျက်တော့"

"ဝီလီယမ်နဲ့ပက်သက်ရင်သောမတ်စ်ဝိန်းမှာအသက်အရွယ်ဆိုတာမရှိဘူး ကျွန်တော်ဘယ်တော့မှရင့်ကျက်မပေးနိုင်ဘူး"

ဝိန်းကထိုင်နေရာမှဝီလီယမ်အားရင်ခွင်ထဲဆွဲပြီးသိမ်းဖက်ထားလိုက်ပြန်သည်။ဝီလီယမ်လည်းဂျီမင်းရှေ့အဆင်မပြေတာကြောင့်ဆတ်ခနဲရုန်းလိုက်သည်။
သို့ပေမယ့်ဝီလီယမ်မှာဘယ်တုန်းကများဝိန်းကိုတွန်းလှန်နိုင်ဖူးလို့လဲ။
ဝိန်း၏ရင်ခွင်ထဲတွန်းကန်နေရင်းနဲ့ပါသွားသည်။

"မရုန်းပါနဲ့"

ဘေးနားကဂျီမင်းတောင်အိပ်ရာခင်းများကိုယောင်ယမ်းပြီးဆုပ်ကိုင်မိသွားသည်။အလားတူစွာပဲဝီလီယမ်လည်းမီးကိုရေနဲ့ပက်ဖြန်းလိုက်သလိုချက်ချင်းငြိမ်ကျသွားသည်။

"ကျွန်တော်တို့၂နှစ်တောင်ဝေးခဲ့ပြီးပြီလေ
နောက်ထပ်မဝေးချင်တော့ဘူး ဝီလီယမ်ရယ်"

ဝိန်းသည်အလွန်လေးနက်လာသည့်အခါ အစ်ကိုအစားဝီလီယမ်ဟုသာတိုက်ရိုက်ခေါ်ပြီးသုံးနှုန်းတတ်သည်။ဝိန်း၏သြဇာအပြည့်ပါသောလေသံသည်ရုန်းနေသောသူ့ကိုချက်ချင်းငြိမ်ကျသွားစေတဲ့အထိစွမ်းအားကြီးမားသည်။

Two Men In One Look (Completed)Wo Geschichten leben. Entdecke jetzt