အပိုင်း - ၁

3.2K 304 5
                                    

အပိုင်း - ၁

"အိမ်ရှေ့စံဘုရား.... အိမ်ရှေ့စံ......"

ချီရှောင်း၏ ဇာမဏီမျက်ဝန်းများ ပွင့်ဟလာ၏။ ယခုမှ အရုဏ်ကျင်းစပြုနေသော ဝေဟင်ပြင်ကို မြင်သောအခါ မျက်ဝန်းများ ပြန်လည်မှိတ်စက်သွားပြီး မျက်မှောင်များ လည်း အနည်းငယ် တွန့်ချိုးသွားလို့။

"ဘာကိစ္စရှိလို့လဲ"

အိမ်ရှေ့စံ၏နန်းဆောင်၌ အမှုကိစ္စကြီးကြပ်ရပါသော မိန်းမစိုးခေါင်းဆောင် ကျန်းသယ်ရှင်းက ‌သစ်သားကန့်လန့်ကာနောက်တွင် ရပ်ကာ ကိုယ်ကို ကိုင်းညွှတ်ပြီး လျှောက်တင်လာသည်။

"အရှင်မင်းသား၊ မနေ့ညကတည်းက မင်းသမီးကြီးဒွန်းဆု  နန်းမြို့တော်ဆီ ဆိုက်ရောက်လာတော်မူပါပြီတဲ့။ ဒီနေ့မနက်အစောပိုင်း နန်းတော်ထဲ ကြွ‌သွား‌ေတာ်မူမယ်လို့ သတင်းကြားသိထားရပါတယ်ဘုရား"

ထိုစကားကို ကြားတော့ ချီရှောင်းလည်း မျက်ခုံးတန်းနှစ်ခုကြားက နဖူးပြင်အား ဖွဖွလေးနှိပ်နယ်လိုက်ကာ ထထိုင်လိုက်သည်။ ကျန်းသယ်ရှင်းလည်း အထဲမှ လှုပ်ရှားသံများ ကြားရခါမှ သစ်သားကန့်လန့်ကာအား ကွေ့ပတ်ပြီး‌ အိပ်ခန်းဆောင်ထဲ လျှောက်လှမ်းသွားလိုက်၏။

ချီ‌ေရှာင်းက ကျန်းသယ်ရှင်းအား ဝေယျာဝစ္စဆောင်ရွက်ပေးစေခြင်း မရှိဘဲ သူ့ဘာသာသူတစ်ယောက်တည်း အိပ်ရာဝင်ဝတ်စုံအား ချွတ်လိုက်ကာ သလွန်‌ေတာ်ဘေးနားရှိ စားပွဲပေါ်၌ တင်ထားသည့် ဝတ်ရုံအား ကောက်ယူလိုက်သည်။ ကျန်းသယ်ရှင်းက သလွန်တော်ဘေးနားရှိ ကန့်လန့်ကာစများအား သိမ်းလိုက်ကာ ရွှေနဂါးပျံချိတ်ထက် ချိတ်ထားလိုက်၏။ ထို့နောက်မှာမှ အပြင်ဝတ်ရုံတစ်ထည်ဖြင့် ချီရှောင်းအား ခြုံလွှမ်းဝတ်ဆင်ပေးလာကာ မင်းသားဝတ်စုံအား သတိကြီးစွာ ဆင်ယင်ပေးရင်း ထပ်မံလျှောက်တင်လာပြန်သည်။

"မင်းသမီးကြီးက အရှင်မင်းကြီးဆီမှာ အရှင်မင်းသားရဲ့ ထိမ်းမြားမင်္ဂလာပွဲအကြောင်း လျှောက်တင်တော်မူမယ်ထင်ပါတယ်။ မင်းသမီးကြီးက တကယ်ကိုပဲ အရှင့်သားအပေါ် မေတ္တာကရုဏာ ကြီးမားလှပါပေရဲ့။ အရှင်မင်းကြီးကလည်း လင်နန်အရေးကို လွန်စွာမှ အလေးထားတော်မူတာမို့ အရှင်မင်းသားသာ လင်နန်ပြည်နယ်နဲ့ ရွှေလမ်းငွေလမ်းဖောက်တော်မူရင် တုန်းလင်မျိုးနွယ်ရဲ့ အကူအညီအထောက်အပံ့ကို ရရှိတာနဲ့ ထပ်တူညီတာမို့ အကျိုးအမြတ်များစွာ ရရှိမှာပါဘုရား"

အိမ်ရှေ့စံစေရာ [ 天潢贵胄 ] MM translation Where stories live. Discover now