အပိုင်း - ၈

1K 206 10
                                    

အပိုင်း - ၈

ကျီအချိန် ( ည ၁၁ နာရီ - မနက် ၁ နာရီကြားအချိန် )၊
လင်နန်ဝမ်စံအိမ်ထဲရှိ ဟယ်ချင်းခန်း‌ေဆာင်တွင် မီးရောင်ထိန်လင်းနေဆဲ။

တုန်ပေါ်ရူမှာ အနည်းငယ် နောက်ကျပြီးမှ ရောက်လာသဖြင့် အခန်းထဲ ဝင်လာပြီးသည့်နောက် ချန်ချောင်ကောအား အကျိုးအကြောင်းတစ်ခေါက် ပြောပြစေရာ ချန်ချောင်ကောကလည်း အသေးစိတ်ကျစွာ ပြောပြလာ၏။

"အဲ့ဒီရှီရှန်က တည့်တိုးကြီး‌ေတာ့ မပြောပေမယ့် သူ့စကားအရ ဒီကိစ္စကို အရှင်မင်းကြီးက‌ေတာင် စိတ်ဝင်တစားရှိတဲ့ပုံ မပေါက်ပါဘူး။ အားလုံးကို မင်းသမီးကြီးသွမ်းဆုကပဲ ချုပ်ကိုင်စီမံနေတဲ့ပုံပါ။ ကံဆိုးတဲ့အချက်ကတော့ မင်းသမီးကြီးဆီ သတင်းသွားနှိုက်ဖို့ ကျွန်တော်တို့ထဲ အမျိုးသမီးအဖွဲ့ဝင် ရှိမ‌ေနဘူး။ ဒါ‌ေကြာင့် အိမ်ရှေ့စံရဲ့သဘောထားကို စုံစမ်းတီးခေါက်ကြည့်တာလောက်ပဲ လုပ်နိုင်ပါမယ်"

တုန်ပေါ်ရူမှာ ထိုစကားများအား နားထောင်ကြည့်လေ ၊ ဤအခြေအနေမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကို ရှာတွေ့ခါနီးလေဟု ခံစားလိုက်ရကာ ပိုင်ရန့်ဘက် တစ်ချက်အကဲခတ်လိုက်ပြီးနောက် ပြောလာ၏။

"တော်‌ေသးတာ‌ေပါ့။ ရှစ်ကျီလည်း အရမ်းကြီး စိတ်ရှုပ်မခံလိုက်ပါနဲ့။ ပြီးတော့ ကျွန်တော်မျိုးဘက်ကနေ နားဝင်မချိုတဲ့ စကားတစ်ခွန်း‌ေလာက် လျှောက်တင်ပါရစေ။ မင်းသမီးရိုကျားက လင်နန်ဝမ်ဖေးကနေ တိုက်ရိုက်ဆင်းသက်လာတယ်ဆိုပေမယ့် မင်းသမီးခန်းထိုင့်ကသာ ခမည်းတော်ဆီကနေ ချစ်ခြင်းမေတ္တာတွေ ပိုပိုသာသာ ပိုင်ဆိုင်‌ေနရတာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရှေ့စံလည်း မနည်းနှိုင်းယှဉ်ပြီး ရွေးချယ်ခဲ့ရမှာပါပဲ။ ကျွန်တော်မျိုးတို့ဘက် အချိန်ဆယ်ရက် ကျန်သေးတာမို့ အိမ်ရှေ့စံကို ခုနေ အခစားဝင်ဖို့ ကြိုးစားကြည့်ရင် ထွက်လမ်း ရှိနိုင်ပါသေးတယ်"

ပိုင်ရန်၏ နှုတ်ခမ်းများ အနည်းငယ်စေ့သွားပြီးမှ တိုးညှင်းစွာ ပြောလာသည်။

"ကျွန်တော့်အမှားတွေပါ။ ဒီမတိုင်ခင် သူတို့ရဲ့ ပဋိပက္ခကြား ဝင်မပါချင်တာမို့ အိမ်ရှေ့စံဘက်က စကားလာပြော‌တာတောင် ဖော်ဖော်ရွေရွေ ပြန်မဆက်ဆံခဲ့ဘူး။ ထားလိုက်ပါ‌လေ။ အိမ်ရှေ့စံက လင်နန်ဒေသထွက် လက်ဖက်ရွက်ကို အထူးနှစ်ခြိုက်တော်မူတယ် ကြားတယ်။ ဒါကြောင့် အကောင်းဆုံးအရည်အသွေး‌ထဲက တချို့ ရွေးပေးထား။ မနက်ဖြန်မနက်ကျ အိမ်ရှေ့စံဆီ တစ်ခေါက်လောက် သွားတွေ့ကြည့်မယ် "

အိမ်ရှေ့စံစေရာ [ 天潢贵胄 ] MM translation Where stories live. Discover now