အပိုင်း - ၂၂

1K 189 6
                                    

အပိုင်း - ၂၂

အိမ်ရှေ့စံ၏ ပင်မစံအိမ်တော်တွင် ဖြစ်သည်။ ချီရှောင်းက နွေး‌ေထွး‌ေသာအခန်းထဲ ထိုင်နေသည့် ပိုင်ရန့်အတွက် နွားနို့မုန့်‌ေပါင်း ယူလာပေးခိုင်း၏။ ထို့နောက် မျက်နှာလေးရှုံ့မဲ့နေသော ပိုင်ရန့်၏အသွင်ကို ကြည့်လျက် တိုးတိုးလေး ရယ်လိုက်မိသည်။

"ဘာမှ မဖြစ်တော့ဘူး‌ေလ။ မင်း ဒီမှာ ဘေးကင်းရန်ကင်း ထိုင်နေနိုင်ပြီပဲဟာ။ ပြီး‌ေတာ့ ကိုယ့်စံအိမ်ရဲ့ စားဖိုမှူးက နွားနို့မုန့်‌ေပါင်းကို အရသာရှိအောင် ချက်‌ေပးတတ်တာမို့ အရင် မြည်းကြည့်လိုက်ဦး"

ထို့နောက် ရံရွှေတော်တစ်ယောက်က ဘူးငယ်တစ်ခု၏အဖုံးအား ဖွင့်လိုက်ကာ ကျန်တစ်ယောက်ကမူ ချိုင့်ထဲမှသည် ရောင်စုံခြယ်ပန်းကန်လုံးတစ်ခု ယူထုတ်လိုက်၏။ ထို့နောက် ပိုင်ရန့်ရှေ့က စားပွဲပေါ် လာချ‌ေပးကာ နောက်သို့ အသာပြန်ဆုတ်သွားကြသည်။

ပိုင်ရန့်လည်း နွားနို့မုန့်‌ေပါင်းအား ငွေဇွန်းဖြင့် တစ်လုပ်စာ မြည်းကြည့်လိုက်၏။ သုံးထားသော ကြက်ဥမှာ ယနေ့မှ လတ်လတ်ဆတ်ဆတ်ရထားသော ကြက်ဥဖြစ်ရာ နို့နှင့်ကြက်ဥတို့၏ အနံ့အရသာမှာ ထူးကဲစွာ မွှေးပျံ့သင်းကြိုင်လှ၏။ စားဖိုမှုးအဒေါ်ကြီးသုံးသော မီးအားကလည်း အနေတော်ဖြစ်ရာ နွားနို့မုန့်‌ေပါင်း‌ေလးမှာ အင်မတန်မှ နူးအိနေလျက် ခံတွင်းထဲ၌ပင် ချက်ချင်း အရည်ပျော်သွား၏။ ခံတွင်းသိပ်မမြိန်တတ်သော ပိုင်ရန့်သည်ပင် သူ့ကိုယ်သူမသိလိုက်ခင် တစ်ပွဲစာ စား၍ကုန်သွားသည်။

မြိန်ရည်ယှက်ရည် စားသောက်နေသည့် ပိုင်ရန့်အား ကြည့်ရင်း ချီရှောင်းရင်ထဲ ပီတိဝေဖြာနေလို့။ ထို့ကြောင့် နူးညံ့စွာပြုံးလျက် ဆိုလာ၏။

"မင်း သဘောကျရင် ဒီမုန့်ကို ခဏခဏ လုပ်ခိုင်းထားမယ်‌ေလ။ ညစာစားပြီး နာရီဝက်‌ေနရင် တစ်ခါစား။ အဲ့လိုသာဆို အသားအရည် ပြည့်ဖြိုးလာရုံတင်မက ညညကျ အိပ်လို့ပါပျော်စေတယ်"

"မလိုပါဘူး"

ထိုစဉ် ချီရှောင်းက မြင်းလှည်းထဲက ပိုင်ရန့်၏အဖြစ်အား ပြန်တွေးမိရင်း လွှတ်ခနဲ ရယ်လာ၏။

အိမ်ရှေ့စံစေရာ [ 天潢贵胄 ] MM translation Where stories live. Discover now