အပိုင်း - ၂၄

972 179 5
                                    

အပိုင်း - ၂၄

ပိုင်ရန့် အနည်းငယ် နောင်တရသွား၏။ သူ၏ခန့်မှန်းချက် မှန်ကန်သွားကာ နောက်နောင်ကျ သတိပိုထားပြီးနေမှ မှန်မည်ကို အဘယ်ကြောင့်များ ပြတင်းပေါက်စက္ကူအား အားအားယားယား သွားရောက်ထိုးဖောက်လိုက်ပါသနည်း။ မမေးသင့်သောစကားအား အဘယ်ကြောင့် မေးမိလိုက်ပါသနည်း။

ထို့နောက် ပိုင်ရန့်က တစ်ဖက်သို့ မျက်နှာလွှဲလိုက်ကာ ပြန်ဖြေလာသည်။

"အရှင့်သား ဘယ်လိုတွေးဆခဲ့မှန်း ကျွန်တော်မျိုး မသိရ‌ေကြာင်းပါ"

ချီရှောင်း ရယ်လိုက်၏။

"မင်း တကယ် မသိတာလား၊ ထုတ်ပြောဖို့ မဝံ့ရဲတာလား "

ပိုင်ရန့်က ချီရှောင်းဘက် ပြန်လှည့်ကြည့်လာကာ ငြိမ်သက်တည်ကြည်စွာ ပြောလာ၏။

"အရှင့်သား ၊ ကျွန်တော်မျိုးသာ အဲ့အခြေအနေထဲမှာသာ ရှိမနေရင်....အခြေအနေအရ ကျွန်တော်မျိုးကို ယမမင်းဆီ အရောက်ပို့လိုက်တဲ့လူဟာ ကျွန်တော်မျိုးကိုယ်တိုင်သာ ဖြစ်နေလိမ့်မယ်လို့ ထင်မိပါတယ်  "

တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားသည့်တိုင် ပိုင်ရန့်၏ နှလုံးသားကမူ ထိန်းချုပ်မရနိုင်စွာ တဒုတ်ဒုတ်ခုန်နေခဲ့သည်။ ယခု သူ ဘာဖြစ်နေမှန်း သူကိုယ်တိုင်ပင် မသိတော့ပါ။ ပင်ကိုအသိစိတ်အရ ချီရှောင်းထံမှ ထွက်ပြေးပုန်းကွယ်ချင်နေသည်ဟုသာ သိတော့၏။ ထို့‌ေနာက် တည်ငြိမ်စွာသာ မတ်တတ်ရပ်လိုက်ကာ ဆက်ဆိုသည်။

"ကျွန်တော််မျိုးဘက်က ဘာမှ မမေးဖူးခဲ့ဘူးလို့ပဲ အရှင့်သား သဘောထားလိုက်ပါလေ"

ထို့နောက် ပိုင်ရန့်က စာအုပ်နှစ်အုပ်သုံးအုပ်အား ကောက်ယူလိုက်ကာ အပြင်ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ချီရှောင်းကို ဖြတ်သန်းသွားမည်အလုပ်၌ တစ်ဖက်လူက သူ့လက်အား မြဲမြံစွာ ဖမ်းဆွဲလိုက်ကာ မျက်နှာချင်းဆိုင်ဖြစ်‌ေအာင် ထားလိုက်သည်။ ချီရှောင်းက ပိုင်ရန့်၏ မျက်ဝန်းအိမ်များအား တည်ကြည်လေးနက်စွာ စိုက်ကြည့်လာပြီးမှ အေးစက်တည်ကြည်စွာ ပြောလာ၏။

အိမ်ရှေ့စံစေရာ [ 天潢贵胄 ] MM translation Where stories live. Discover now