အပိုင်း - ၂၃

1K 191 11
                                    

အပိုင်း - ၂၃

စိတ်မကောင်းဖြစ်နေသော်ငြား ပိုင်ရန့်အား  ချီရှောင်း လွှတ်မပေးသေးပါ။

"မင်းအပေါ် ဒီလိုကိစ္စမျိုး ဖြစ်လာတာ၊ နောက်ကွယ်မှာ ဘယ်သူကများ မင်းရဲ့အသက်ကို လိုချင်သလဲဆိုတာ မသိရသေးဘူး။ ခုနေ မင်း အိမ်ပြန်မှာကို ကိုယ် ဘယ်လိုလုပ် စိတ်ချရမှာလဲ"

ထို့နောက် ချီရှောင်းက ပိုင်ရန်အား ပိုပြီးတင်းကျပ်စွာ ဖက်လိုက်ကာ နှစ်သိမ့်လာ၏။

"မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ လူဒီလောက်စည်တဲ့ ဈေးလမ်းမကြီးထဲ မြင်းလှည်းနဲ့ ဝင်တိုက်ခိုင်းတာမျိုးတောင် လုပ်ဖူးပြီးမှတော့ ဘာကိုများ ထပ်မလုပ်ရဲစရာ ရှိလို့လဲ။ မင်းအိမ်ကလူတွေကရော အဲ့လောက်ထိ စိတ်ချရသလား"

ပိုင်ရန့်မှာ အိမ်သို့ပြန်မည်ချည်း လုပ်နေရာ ဤစကားကို ကြားရသောအခါမှာမှ အနည်းငယ်တုံ့ဆိုင်းသွား၏။ ထို့နောက် ချီရှောင်းမှ ဆက်ပြောလာ၏။

"မင်းရဲ့စံအိမ်ထဲမှာလည်း မင်းကိုစောင့်ကြည့်ဖို့  ဧကရာဇ်ဘက်ကလွှတ်ထားတဲ့လူ မနည်းမနောရှိနေတာ မဟုတ်ဘူးလား။ မင်းကို ရန်ပြုရလောက်တဲ့အထိ ဧကရာဇ်ကတော့  မတုံးအလောက်ပါဘူး။ ဒါပေမယ့် ဘယ်သူ သိနိုင်မှာတဲ့လဲ၊ အဲ့လူတွေထဲ ချီဟွာရဲ့လူ ပါမနေလောက်ဘူးဆိုတာ။ ဧကရာဇ်က ချီဟွာကိုဆို ဘာစည်းကမ်းမှ တင်းကျပ်မထားတော့ သူ့လူတွေကို အဲ့ထဲရောထားချင်လို့လည်း ဘာမှ ခက်ခဲမနေဘူး"

ပိုင်ရန့် ခေါင်းခါလိုက်၏။

"ဒီကိစ္စကိုတော့ တွေးမပူလိုက်ပါနဲ့၊ အရှင့်သား။ စံအိမ်ထဲ အပြင်သူစိမ်‌းတွေ များပြားတယ်ဆိုပေမယ့် အိပ်ခန်း၊စာကြည့်ခန်းနဲ့ မီးဖိုခန်းမှာတော့ တောင်ပိုင်းက‌ေန ကျွန်တော်မျိုးနဲ့အတူခေါ်လာတဲ့ လူတွေကိုပဲ ထားထားတာပါ။ အဲ့လူတွေအားလုံး ယုံကြည်လို့ရပါတယ်"

"မင်းလည်း နားလည်ထားပြီးသားမလား။ အိမ်ထဲမှာ မင်းရဲ့လူတွေချည်းပဲ ရှိတယ်ဆိုပေမယ့် ဒီလောက်ပိရိတဲ့ လူစုထဲ ဟာကွက်တစ်ခုခုရှိနေရင်ကော။ အဲ့ကနေ မသမာသူတွေအတွက် အခွင့်အရေးဖြစ်သွားစေခဲ့ရင်ကော "

အိမ်ရှေ့စံစေရာ [ 天潢贵胄 ] MM translation Where stories live. Discover now