အပိုင်း - ၂၉

882 165 4
                                    

အပိုင်း - ၂၉

ချီရှောင်းမှာ ပြန်ရောက်လာသည်နှင့် အိပ်ခန်းသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်။ သို့သော် ပိုင်ရန့်ကို မတွေ့ရသဖြင့် ရံရွှေတော်တစ်ယောက်က အမြန် လျှောက်တင်လာရ၏။

"ရှစ်ကျီက စံအိမ်နောက်ဖေးမှာ နှင်းသွားကြည့်ချင်တယ်လို့ မိန့်လာပါတယ်။ ကျွန်တော်မျိုးမတို့လည်း ရှစ်ကျီ အအေးမိမှာစိုးတာနဲ့ အရှင့်သားရဲ့ မြေခွေးမွေးဝတ်ရုံကို ယူဆောင်အသုံးပြုမိထားပါတယ်။ ဒါ့အပြင် အနွေးအိတ်ရော ထီးပါ အဆင်သင့် ပြင်ပေးလိုက်ကြောင်းပါ"

ချီရှောင်း ပြုံးမိသွား၏ ။

"ဟုတ်သား၊ သူ ငယ်ငယ်ကတည်းက လင်နန်မှာပဲ နေခဲ့တော့ နှင်းကို မတွေ့ဖူး‌ဘူးထင်တယ်"

ထို့နောက် ချီရှောင်းလည်း ဝတ်ရုံကို မချွတ်တော့ပါဘဲ ၊ အခြားနောက်လိုက်များကိုလည်း လိုက်ပါမလာစေခဲ့ဘဲ ထီးတစ်ချောင်းမိုးကာ ပိုင်ရန့်ထံသို့ တစ်ယောက်တည်း ထွက်သွားခဲ့သည်။

ချီရှောင်း၏စံအိမ်မှာ ခမ်းနားကောင်းမွန်စွာ ဆောက်လုပ်ထားခြင်းခံရရာ မျှော်စင်ရော ဇရပ်ပါ ပြည့်စုံစွာရှိ၏။ ရှားပါးသော နွယ်မြက်သစ်ပင်များစွာလည်း ဥယျာဉ်ဝန်းထဲရှိကာ အပြင်မှ ရေအရင်းအမြစ်ကိုပါ အိမ်ထဲ သွယ်ယူလာသေး၏။ ထို့ကြောင့် ပင်မစံအိမ်အရိပ်မှ ထွက်ပြီး တံခါးသုံးချပ်အား ဖြတ်သန်းသွားလျှင် စင်္ကြံ‌ေလျှာက်လမ်းအောက် ချောင်းငယ်‌ေလးတစ်ခု စီးဆင်းနေကြောင်း တွေ့ရမည်ဖြစ်ကာ ကန်ရေပြင်အလယ်တွင်လည်း ဇရပ်တစ်ခု ဆောက်ထား‌ေသးသည်။ ခပ်လှမ်းလှမ်းသို့ လှမ်း‌ေမျှာ်ကြည့်လိုက်သောအခါ ရံရွှေတော်လေးနှစ်ယောက်ကို တွေ့လိုက်ရ၏။ သူမတို့၏ ဘေးနားတွင်မူ လူတစ်ယောက် ထိုင်နေကာ ကြည့်ရသည်မှာ ပိုင်ရန့်ပင် ဖြစ်ပေလောက်မည်။

ထို့နောက် ချီရှောင်းက ဝတ်ရုံကို ပိုမိုမြဲမြံအောင် ချည်‌ေနှာင်လိုက်ကာ ထီးကို သေချာဆောင်းလိုက်ပြီးနောက် နှင်းထုများကြား ဖြတ်သန်းလျှောက်လှမ်းသွားသည်။ သူ့ဘက်က ခပ်သွက်သွက် လျှောက်လှမ်းသွားစဉ်မှာပင် ထိုရံရွှေတော်နှစ်ယောက်က သူ့အား သတိထားမိသွားရာ အရိုအသေလှမ်းပြုလာ၏။ ချီရှောင်းကမူ သူမတို့အား အသံမပြုအောင် လက်ဟန်ပြုပြီး တားမြစ်လိုက်ရာ ရံရွှေတော်များကလည်း နားလည်စွာဖြင့် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာရှောင်ကြဉ်ပေးကြ၏။ ထို့နောက် ချီရှောင်းက ရေပြင်လယ်ဇရပ်ဆီ ဆက်လက်လျှောက်လှမ်းထားသည်။

အိမ်ရှေ့စံစေရာ [ 天潢贵胄 ] MM translation Where stories live. Discover now