Part 16

1.6K 132 14
                                    

Unicode

ကလင်! ကလင်!

"ညီညီ  ရိုးရာရော"

စက်ဘီးဘဲလ်သံနဲ့အတူတစ်ဆက်တည်းကြားလိုက်ရတဲ့ တေဇာ့အသံကြောင့် ခုထိရွေးလို့မပြီးနိုင်ဖြစ်နေသေးတဲ့ တီရှပ်နှစ်ထည်ထဲကအပြာရောင်တီရှပ်ကိုကောက်ယူကာဝတ်လိုက်ပြီးမှန်ရှေ့သွားကာ ပုံသွင်းထားတဲ့ဆံပင်အဆင်​ပြေမပြေတစ်ချက်ကြည့်ပြီးမှအောက်ကိုအပြေးဆင်းသွားလိုက်သည်။

"မေမေ တေဇာတို့နဲ့အပြင်ခဏ"

"ဟဲ့ နေပူကပူနဲ့ ဘယ်သွားမှာလဲ"

"စက်ဘီးစီး"

"စက်ဘီးစီးတာညနေစောင်းမှစီးလေ ဒီလောက်နေပူကြီးထဲကို..... ရှေ့ကနှစ်ယောက်ကိုခေါ်လိုက်  နေအေးမှသွား"

"အာ စက်ဘီးစီးမဟုတ်ဘူး ဂိမ်းဆိုင်"

"ကျူရှင်မပိတ်သေးပဲ ဂိမ်းဆိုင်ကဘာကိစ္စသွားမှာလဲ မသွားနဲ့"

"ဂိမ်းဆိုင်မဟုတ်ဘူး ပိုင်စိုးတို့အိမ်"

"ပိုင်စိုးအိမ်ကဘာသွားလုပ်မှာလဲ"

"ဟာ မေမေကလည်း ညကတည်းကကျွန်တော်ခွင့်တောင်းထားတယ်လေ"

"ဘယ်တုန်းကလဲ"

"ညကပါဆို ညီညီကြားလိုက်တယ်မလား"

"ဟုတ်တယ်လေမေမေ... ထမင်းစားတုန်းက နက်ဖန် ကိုကြီးပိုင်စိုးတို့ဆီသွားမယ်ပြောတာ မေမေကတောင် အေးငါ့သားလေး စာတွေလုပ်ပြီး ပင်ပန်းနေရှာတာ တစ်ရက်တစ်လေနားလို့တောင်ပြောသေးတယ်"

"ဟုတ်လား... အေး သွား သွား စက်ဘီးကိုသေချာစီး ကားလမ်းကူးရင်ဂရုစိုက်ကူး"

"ဟုတ် သွားပြီမေမေ"

ညကမေမေပြောတာထက်ပိုပိုသာသာလေးထည့်ပြောလိုက်တဲ့ ညီညီ့စကားကိုကြားပြီး အသာတကြည်ခွင့်ပြုလိုက်တာမို့ ညီအစ်ကိုနှစ်ယောက် မေမေမမြင်အောင်လက်မထောင်ပြလိုက်ပြီး အိမ်ထဲကထွက်ခဲ့ကြသည်။

"ညီညီတော်တယ် ပြန်လာရင်မုန့်ဝယ်ခဲ့မယ်"

"မုန့်မစားချင်ဘူး နောက်နေ့ကျသားသူငယ်ချင်းတွေနဲ့စကိတ်စီးသွားမှာ အဲ့တာကိုကူပြောပေး"

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now