Part 30

1.6K 178 14
                                    

Unicode

"သဲတုန်လေး"

"ဘာလဲ စာကျက်ပါဆို"

ခါးကိုလာဖက်ကာ ပခုံးပေါ်မေးတင်ရင်း ရှားပေါ်ကို တစ်ကိုယ်လုံးလာပစ်မှီနေတဲ့ ခန္ဓာကိုယ်ကြီးကိုတွန်းလွှတ်လိုက်တော့ သူကရွေ့မသွားပဲ ရှားမှာသာပိုတိုးဖက်ခံလိုက်ရသည်။

"ကျစ်! ရိုးရာ  စာကျက်ပါဆိုဟာ"

"နင်ကငါ့ကိုကျစ်စုပ်တာလား"

"လာမရစ်စမ်းပါနဲ့ ရိုးရာရာ... ငါဒါလေးပြီးအောင်ကျက်မလို့ပါဆို"

"ပြီးတာပဲ လာမခေါ်နဲ့"

မှုန်ကုပ်ကုပ်နဲ့စာအုပ်ကိုကိုင်ကာ တစ်ဖက်လှည့်သွားတာကြောင့် စိတ်ပျက်ပျက်နဲ့ခေါင်းကိုရမ်းလိုက်ရင်း ကိုယ့်စာကိုယ်သာပြန်လုပ်နေလိုက်သည်။

.......

မကြာခင်မှာ ရှားတို့နှစ်ယောက်လုံး စာမေးပွဲတွေဖြေရတော့မှာဖြစ်ပြီး ဒီစာမေးပွဲပြီးရင် ရှားတို့ရဲ့တက္ကသိုလ်တတိယနှစ်ပြီးဆုံးတော့မည်။

ရှေ့နှစ်နှစ်တုန်းကလောက်လွှတ်ဖို့မလွယ်တော့တဲ့အတန်းချိန်တွေရယ်၊ကိုယ်စီကျောင်းကိစ္စတွေနဲ့ သူငယ်ချင်းတွေကိုလည်းအချိန်ပေးရတာရယ်၊ တင်းကြပ်လွန်းတဲ့မေမေ့ရဲ့စည်းကမ်းချက်တွေရယ်၊ထပ်တိုးလက်ခံလိုက်တဲ့ ရှားရဲ့ဂိုက်အချိန်တွေရယ်ကြောင့် ရှေ့နှစ်တွေတုန်းကလိုမျိုး ချိန်းတွေ့တာကိုခဏတိုင်းမလုပ်နိုင်ပေမယ့် ရတဲ့အချိန်လေးခဏကိုအပြေးအလွှားတွေ့လိုက် ဖုန်းထဲကအလွမ်းသယ်လိုက် စိတ်ဆိုးစိတ်ကောက်လိုက် ပြန်တည့်သွားလိုက်နဲ့ နောက်ထပ်ချစ်သူသက်တမ်းတစ်နှစ်ကိုထပ်ပြီးကျော်ဖြတ်လာခဲ့ကြသည်။

ခုလည်း တစ်နှစ်လုံးပေါ့ပေါ့လျော့လျော့နဲ့နေခဲ့တဲ့အချိန်တွေအတွက် ဒီရက်တွေထဲ စာကိုအသည်းအသန်ကြည့်နေရတာမို့ နှစ်ယောက်သားမတွေ့ဖြစ်ကြတာကြာနေပြီဖြစ်တာကြောင့် ဘာမပြောညာမပြောနဲ့ ရုတ်တရက်ကြီးရောက်ချလာတဲ့ ရိုးရာဟာ သူငယ်ချင်းတွေနဲ့စာလုပ်နေတဲ့ ရှားကို သူနဲ့အတူတူစာလုပ်မယ်ဆိုကာ ဇွတ်ခေါ်လာတာကြောင့် သူ့နောက်ပါလာရခြင်းဖြစ်သည်။
စာလုပ်တဲ့နေရာကိုမရောက်လိုက်မှာစိုးလို့ တစ်နာရီလောက်အရင်စာလုပ်ပြီးမှစကားပြောကြမယ်ဆိိုပြီး သဘောတူထားခဲ့ပေမယ့် ၅မိနစ်ခြားတစ်ခါလောက် သဲတုန်လေးဆိုပြီးလာလာဖက်နေတဲ့ သူ့ကိုကြာလာတော့ စိတ်မရှည်နိုင်တော့တာနဲ့အော်ပစ်လိုက်ရတော့သည်။

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now