Part 9

3.2K 185 29
                                    

Unicode

၇:၅၅

၇:၅၆

၇:၅၇

၇:၅၈

၇:၅၉

Yes!! ၈နာရီထိုးပြီ....

...
...
...

"ကဲ ၈နာရီလည်းထိုးပြီဆိုတော့ ဒီတစ်ပုဒ်ထပ်တွက်လိုက်ရအောင်"

"ဟာ ဆရာကလည်း"

"ဒီနေ့ကျောင်းပြန်တက်ရမှာပါ"

"ဗိုက်ဆာနေပါပြီ"

"ကျောင်းနောက်ကျပါတော့မယ်"

တရွေ့ရွေ့သွားနေတဲ့ နာရီလက်တံတွေကိုလိုက်ရေတွက်နေရင်း ၈နာရီအတိကိုညွှန်ပြချိန်မှာ စိတ်ထဲကနေကြုံးဝါးလိုက်သံမှမဆုံးသေး ကြားလိုက်ရတဲ့ဆရာ့အသံကြောင့် ဟာခနဲနေအောင်ဖြစ်သွားသည်။ သူ့လိုပဲဆရာ့စကားကို ဆန့်ကျင်ချင်ပုံရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဆန္ဒပြအော်ဟစ်သံတွေဟာ ဟိုမှဒီမှထွက်ပေါ်လာသော်လည်း ဆရာကဂရုမစိုက်တဲ့ပုံနဲ့ whitebordပေါ်ကို ပုစ္ဆာတစ်ပုဒ်ချရေးနေပြီဖြစ်တာကြောင့် ပိတ်ပြီးသွားပြီဖြစ်တဲ့ သင်္ချာtextbookစာအုပ်နဲ့ဗလာစာအုပ်ကို စိတ်ပျက်လက်ပျက်နဲ့ပြန်ဖွင့်လိုက်ရတော့သည်။

"ဆာချစ်တို့ကတော့ ၂ပတ်လောက်ပိတ်ထားရတဲ့အတွက်အတိုးချသင်နေပြီဟေ့"

ရှေ့တန်းမှကျောင်းသားတစ်ယောက်ရဲ့ ကျယ်လောင်စွာအော်လိုက်တဲ့စကားသံကြောင့် ဆရာအပါအဝင်ရှိသမျှလူအကုန်လုံးဝိုင်းရယ်ကြပေမယ့် မရယ်နိုင်သူကသူတစ်ယောက်သာ။

သီတင်းကျွတ်ကျောင်းပိတ်ရက်၇ရက်ဆိုတာကို သူများတွေဘယ်လိုကုန်ဆုံးခဲ့လဲမသိပေမယ့် သူကတော့ကျောင်းဖွင့်တဲ့ရက်ကိုလက်ချိုးရေရင်းနဲ့သာကုန်ဆုံးခဲ့ရသည်။ စနေတနင်္ဂနွေနှစ်ရက်ပိတ်တာတောင် မနေတတ်ဖြစ်နေရတဲ့သူဟာ ရှားနဲ့မတွေ့ရတဲ့ ဒီ၇ရက်ကို အတော်လေးကိုအောင့်အီးသည်းခံကာကျော်ဖြတ်ခဲ့ရပြီး ကျောင်းဖွင့်မယ့်ရက်ကိုစောင့်ခဲ့ရတာဖြစ်သည်။ ခုလည်းကျောင်းမြန်မြန်ရောက်ပြီး မြန်မြန်တွေ့ချင်ပါတယ်ဆို ဆရာကလည်းသင်လို့မပြီးနိုင်သေး။

"ကဲ ဒီလောက်ပဲ.... ဒီနေ့သင်သမျှအားလုံးကိုနားလည်ကြရဲ့လား"

"နားလည်ပါတယ်"

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now