Part 26

1.7K 171 19
                                    

Unicode

"အမယ် အတော်သာယာနေတယ်"

မုန့်တွေအအေးတွေရှေ့ချကာ TVထိုင်ကြည့်နေတဲ့ရှားဘေး အသံနဲ့အတူဝင်ထိုင်လိုက်တဲ့မမကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ကြည့်လက်စဇာတ်လမ်းအပေါ်ကိုပြန်အာရုံစိုက်လိုက်သည်။

ရှားရှေ့ကမုန့်ထုတ်ကိုဆွဲယူနေတာကြောင့် သူ့ဘက်ကိုရွှေ့ပေးလိုက်ရင်း ကျောင်းကပြန်လာတာကိုအဝတ်မလဲပဲ သူမကြိုက်ဘူးဆိုတဲ့ဇာတ်ကားကိုဘာလို့လာထိုင်ကြည့်နေတာလဲဆိုတာတွေးနေတုန်း မမကရှားနားကိုကပ်ကာလေသံတိုးတိုးဖြင့်

"ရိုးရာငါ့ဆီဖုန်းဆက်တယ်"

"ဟင်!! တကယ်လား.... ဘာတဲ့လဲ ဘာပြောလဲ"

"ဟဲ့ တိုးတိုး...အောက်မှာမေမေရှိတယ်"

အလန့်တကြားနဲ့ထခုန်တဲ့ ရှားကိုပြန်ဆွဲကာထိုင်ခိုင်းလိုက်ပြီး TVကိုပဲကြည့်စေကာ

"ညကျရင် နင်ဖုန်းဆက်လိမ့်မယ်လို့ပြောလိုက်တယ် ဒီညတော့ မေမေငါတို့အခန်းလာမအိပ်လောက်တော့ပါဘူး"

"အဲ့တာလာပြောတာ... သွားပြီ တော်ကြာတက်လာလို့ မယုံသင်္ကာဖြစ်နေဦးမယ်"

ပြောပြောဆိုဆိုထထွက်သွားတဲ့မမနောက်လိုက်သွားကာ ထပ်မေးချင်ပေမယ့် ညီမနှစ်ယောက်တွတ်ထိုးနေရင်မေမေရိပ်မိသွားမှာစိုးလို့ TVကိုပဲဆက်ကြည့်နေလိုက်သည်။

"သမီးငယ် ငွေခံသွားမယ်"

"ဟုတ် မေမေ... ရှားအင်္ကျီလဲလိုက်ဦးမယ်"

"မြန်မြန်လုပ်ခဲ့... စားထားတာတွေတစ်ခါတည်းပစ်ခဲ့နော်"

လှေကားထိပ်ကနေရပ်ကာပြောပြီး အောက်ထပ်ကိုမေမေပြန်ဆင်းသွားမှ စားထားတဲ့မုန့်ခွံတွေကိုသိမ်းလိုက်ပြီး အခန်းထဲပြေးဝင်ခဲ့သည်။

"မမ ရိုးရာကဘာပြောသေးလဲဟင်"

"နင်အဆင်ပြေလားမေးတာပေါ့... ငါ့ဆီဖုန်းဆက်ချင်နေတာမဆက်ရဲလို့တဲ့... နေပါဦး နင်ဘယ်တုန်းကငါ့ဖုန်းနံပါတ်ကိုသူ့ပေးထားတာလဲ"

"ဟဲ ဟဲ ဒီလိုတွေဖြစ်လာခဲ့ရင် ဆက်သွယ်လို့ရအောင်အရင်ကတည်းကပေးထားတာ"

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now