Part 23

2K 166 17
                                    

Unicode

"နောက်တစ်ပွဲဆက်ကြဦးမလား"

"အေး ဆက်မယ်လေ"

"ငါမဝင်တော့ဘူး ဒီမယ်ငါ့မမလိုင်းတက်လာပြီ chatလိုက်ဦးမယ်"

"ငါရောပဲ ကောင်မလေးတက်လာပြီ"

"ဟေ့ကောင်တွေ မင်းတို့သစ္စာမဖောက်နဲ့"

"ဟာ ငါ့အသဲလေးလည်းရှိတယ် ငါလည်းမဝင်တော့ဘူး"

"ကျစ်!! မင်းတို့!!!"

"ကိုယ်ချင်းစာပေးလိုက်ပါကွာ...ငါတို့မှာမင်းလိုရည်းစားမှမရှိတာ ဒါကြောင့်ကြိုးစားရမယ်
ကဲ!! ငါလည်း တစ်ယောက်လောက်တော့တွေ့လိုတွေ့ငြားရှာလိုက်ဦးမယ်"

computer screenကြီးကို အသဲအသန်ပြူးကြည့်ကာ လက်တွေကkeyboardပေါ်တဖြောင်းဖြောင်းရိုက်ရင်း ပြုံးတစ်လှည့်မဲ့တစ်လှည့်ဖြစ်နေတဲ့ လေးကောင်ကြောင့်သူသည်လည်းဂိမ်းထဲကနေထွက်လိုက်ရတော့သည်။

ဒီတလော သူတို့အုပ်စုကိုစွဲလမ်းစေတဲ့အရာထဲမှာ Dotaတင်မဟုတ်တော့ပဲ Gtalkပါပါလာခဲ့သည်။ ကွန်ပျူတာသင်တန်းမှာ ဆရာမကGtalkအကောင့် တစ်ယောက်တစ်ခုဖွင့်ပေးလိုက်သည်မှ အစပြုကာ အင်တာနက်ဆိုင်ထိုင်တဲ့အချိန်တွေကို Dotaခုတ်ဖို့နဲ့chattingထိုင်ဖို့အတွက်မျှသုံးနေရတော့သည်။

သူတို့အဖွဲ့ထဲ သူနဲ့ရှားကလွဲလို့ ကျန်တဲ့​သူအကုန်လုံးဟာ Gtalkကိုစွဲလမ်းတဲ့သူတွေဖြစ်ကုန်ကြပြီး တစ်နေ့တစ်နေ့ မျက်နှာလည်းမမြင်ဖူး ဘယ်ကဘယ်သူလဲမသိရတဲ့သူတွေနဲ့ အရည်မရအဖတ်မရတွေပြောကာ ကြူနေကြတော့တာဖြစ်သည်။ သူတို့အဖွဲ့တင်မဟုတ်။ ဒီ internet cafeထဲက ယောကျာ်းလေးမိန်းကလေးအကုန်လုံးလည်းဒီအတိုင်းသာပင်။

"မင်းတို့ဒါပဲလုပ်နေတော့မယ်ဆို ငါပြန်တော့မယ်"

"ဟ! မင်းကလည်းနေပါဦးကွာ... မင်းကပြန်လာပြီး ငါကပြန်ရောက်မလာရင် အမေကငါ့ကိုသတ်မှာ"

"အေးလေကွာ အပြန်ကျတုတ်ထိုးဝင်စားဦးမယ်ဆို"

"ငါ့မှာလုပ်စရာမှမရှိတာ... ဘာမှမဟုတ်ပဲ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေရတာ အလကားပိုက်ဆံကုန်တယ်"

"မင်းကလည်း ၄၀၀လောက်ကိုဘာဖြစ်နေတာလဲ"

"အေးလေ ရှားလဲ့ရောလိုင်းပေါ်မရှိဘူးလား"

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now