Part 33

3.2K 205 15
                                    

Unicode

"အဖေကြီး ရှင့် လက်စွပ်ကရှင်သိမ်းထားတာနော်"

"ဟုတ်တယ် ဗီရိုထဲမှာ"

"အဲ့တာပဲဝတ်မှာဆို ဒါကိုထုတ်မထားတော့ဘူး"

"အေး အေး"

"ဒီမယ် တိုက်ပုံရောထုတ်ထားခဲ့တယ်နော် ပုဆိုးနဲ့ရှပ်ကိုလည်းအတူတူတွဲထားတယ်"

"ငါ့ဟာငါသိပါတယ် မင်းတို့သားအမိတွေအတွက်သာလုပ်စမ်းပါ မနက်အစောကြီးထသွားရမှာ... ပြီးမှဟိုကျန်ဒီကျန် ကျန်နေခဲ့မယ်"

"ပြီးတာပဲ လုပ်မပေးရတော့ကျုပ်တောင်သက်သာသေး"

အခန်းပေါက်မှာရပ်နေရင်း ဖေဖေနဲ့မေမေစကားပြောလို့ပြီးတဲ့ထိစောင့်နေပေမယ့် အထဲကပြောတဲ့စကားသံတွေတိတ်သွားတဲ့ထိဝင်ဖို့မရဲသေးတာနဲ့ ပြန်လှည့်လာကာ ဧည့်ခန်းကထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

"ကဲ!! ကြောက်နေလို့မပြီးဘူး...ခုမပြောလို့လည်းရမှမရတာ နက်ဖန်ဆိုရင်ကိုရောက်နေပြီ .... fighting ရှား fighting"

လက်သီးဆုပ်လေးထောင်ကာ ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ရင်း ထိုင်ရာမှထ၍ မေမေတို့အခန်းဆီထပ်သွားလိုက်ပေမယ့် အခန်းရှေ့မရောက်ခင် တစ်ခါပြန်တပ်ခေါက်လာခဲ့မိပြန်သည်။

"မေမေကလည်း ဘာလို့ဒီနေ့မှအပြင်ထွက်မလာတာလည်းမသိဘူး... ဘာတွေထုတ်နေလို့အဲ့လောက်ကြာနေတာလဲ"

ကိုယ့်ဘာသာကြောက်လို့မဝင်ရဲတာကို မေမေ့အပြစ်လွှဲချလိုက်ရင်း ဂနာမငြိမ်တဲ့စိတ်တွေနဲ့လက်သည်းကိုကိုက်ကာ နံရံမှာကပ်ထားတဲ့တိုင်ကပ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။

၁၀နာရီတောင်ထိုးနေပြီလား....။
မဖြစ်သေး...ဒီတိုင်းဆို ရှားဖုန်းကိုစောင့်နေတဲ့ ရိုးရာလည်း နေမထိထိုင်မသာဖြစ်နေလောက်ပြီ။

"ကဲ ဒီတစ်ခါတကယ်ပြောပြီကွာ... ဖေဖေရှိရှိမရှိရှိ"

........

"အဖေကြီး ဆေးသောက်ပြီးပြီလား"

"အေး ဟုတ်သား မသောက်ရသေးဘူး မေ့နေတာ"

"ဒါပဲ... နေရာတကာလိုက်ပြောတော့လည်းပြောတယ်ဖြစ်ရတယ်.... မပြောရင်လည်းဟိုမေ့ဒီမေ့နဲ့"

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now