Part 53

4.4K 240 30
                                    

Unicode

"လာ လာ... နောက်ဆုံးတစ်ခေါက်လောက်ခွက်တိုက်ရအောင်... ထကြ... ထ"

"ရှားလဲ့ နင့်ကောင်မှန်နေပြီနော်"

နား,နားကိုကပ်ကာပြောလိုက်တဲ့တေဇာ့ကို ခေါင်းညိတ်ပြလိုက်ရင်း ပင်လယ်စာထောင်းပန်းကန်ထဲက ရေဘဝဲတစ်ဖက်ကိုအမြန်စားလိုက်ကာ ဘီယာခွက်ကိုကိုင်ပြီး လက်မောင်းကနေဆွဲထူနေတဲ့ရိုးရာအလိုကျမတ်တပ်ထရပ်လိုက်သည်။

"ဟေ့ကောင်... နိုင်မင်းပြောလေ"

"ကဲ!!! ဆယ်နှစ်ကျော်စီစဥ်ခဲ့ရတဲ့ ငါတို့ရဲ့ခရီးစဥ်လေးအောင်မြင်စွာပြီးဆုံးသွားတဲ့အတွက် cheers...."

"yay!!"

"အောင်ပြီကွ"

"woo hoo!!"

ရှားလိုပဲ ရိုးရာအလိုကိုလိုက်ပေးတဲ့ သူငယ်ချင်းတွေဟာလည်း လိုတာထက်ပိုစွာ ပျော်မြူးပြရင်းပုလင်းတွေခွက်တွေကိုတိုက်ကာ တငုံစီမော့သောက်ပြီးမှ ပြန်ထိုင်လိုက်ကြသည်။

"ငါတို့နှစ်ယောက်ရဲ့ ပထမဆုံးခရီးစဥ်လေးအတွက်"

ထိုင်ပြီးတဲ့အထိမပြီးတဲ့ ရိုးရာဟာ စားလက်စကိုဆက်စားမလို့ပြင်လိုက်တဲ့ ရှားလက်ထဲကတူကိုဆွဲယူကာချလိုက်ပြီး လက်ထဲဘီယာခွက်ကိုပြန်ထည့်ပေးကာ နား,နားကိုကပ်၍ တီးတိုးပြောရင်း ခွက်ချင်းလာတိုက်နေပြန်တာမို့ သဘောတကျနဲ့ရယ်ကာ ပြန်တိုက်ပေးလိုက်သည်။

"ငါတို့ကိုယုံယုံကြည်ကြည်နဲ့ ခရီးထွက်ဖို့ခွင့်ပြုပေးတဲ့ နင့်အမေ ငါ့ယောက္ခမကြီးအတွက်"

"အဟွန်း"

"သားမက်လောင်းလေးသုံးဖို့ မုန့်ဖိုးပေးတဲ့ သဘောကောင်းလွန်းသော နင့်အဖေ ငါ့ယောက္ခထီးကြီးအတွက်"

"ဟား ဟား"

"ငါတို့နှစ်ယောက်ရဲ့first nightလေးအတွက်"

"......"

"မနေ့ကတစ်ညတည်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်မြင်းစီးသွားတတ်တဲ့ ငါ့သဲတုန်လေး....

"ရပြီ ရပြီ သောက်တော့"

အစကတော့ သဘောတကျရယ်နေရင်း ခွက်ချင်းတိုက်ပေးနေရာကနေ တဖြည်းဖြည်း ပေါက်ကရတွေဖြစ်လာတဲ့စကားတွေကြောင့် ကိုယ့်လက်ထဲကခွက်ကိုပြန်ချလိုက်ပြီး သူ့ခွက်ကိုသူ့ပါးစပ်နားတေ့ပေးကာ အသံတိတ်စေလိုက်သည်။

ကမ္ဘာမြေအဆုံးထိWhere stories live. Discover now