ရေနံဆီမီးအိမ်ရဲ့မှိန်ပြပြအလင်းသာရှိတဲ့ အခန်းငယ်တစ်ခုရဲ့ ကုတင်ပေါ်မှာ တစ်ဦးနဲ့တစ်ဦးလွတ်ထွက်သွားမတက် ပွေ့ဖက်ကာ အိပ်စက်နေတဲ့ ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ဟာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မှိတ်ထားတဲ့ အနီရောင်မျက်လုံးတွေကို အလျှင်အမြန်ပဲဖွင့်လိုက်တယ်......
အဂ္ဂိ ရင်ခွင်ထဲကရှိန်းကို ဘေးဘက်အသာချကာ ကုတင်ပေါ်ကဆင်းလိုက်ပြီး ကုတင်ဘေးမှာကျနေတဲ့ ဝတ်ရုံကိုကောက်ဝတ်လိုက်တယ်........
"ထွက်လာလို့ရတယ်....."
အဂ္ဂိရဲ့ စကားဆုံးတာနဲ့ မှီးရောင်မှိန်ပြပြကြောင့် ကြမ်းမှာထင်နေတဲ့ အဂ္ဂိရဲ့ အရိပ်ဟာ တည်ငြိမ်စွာရပ်နေတဲ့ အဂ္ဂိရဲ့ခန္ဓာကိုယ်ပုံစံနဲ့ မတူညီစွာ လက်တို့၊ခြေတို့နေရာတွေ တိုဝင်သွားပြီး ပုံစံမဲ့ရေအိုင်ကြီးကဲ့သို့ပင် ပြောင်းလဲသွားခဲ့တယ်။ ထိုပုံစံဖော်မရတဲ့ အရိပ်ကြီးဟာ တဖြည်းဖြည်းကြီးထွားလာပြီး ကြမ်းပြင်တစ်ခုလုံးနီးပါး ဖုံးလွှမ်းသွားခဲ့တယ်။ နောက်ဆုံးမှာတော့ ထိုအရိပ်ကြီးဟာ ကြမ်းပြင်ကနေ အသက်ဝင်ထကြွလာပြီး အနက်ရောင်အခိုးအငွေ့တွေအဖြစ်ပြောင်းလဲသွားကာ ထိုအခိုးအငွေ့တွေအတွင်း ကြောက်စရာ အနီရောင်မျက်လုံးကြီး နှစ်လုံးပါပေါ်လာခဲ့တယ်........
"ဖွားဖွား ငါအပြင်ရောက်နေတဲ့ကိစ္စကိုမသိဘူးမလား......"
အဂ္ဂိ ဂူထဲကထွက်လာတဲ့ကိစ္စကို ဒီနေ့မတိုင်ခင်အထိ ဖွားဖွားမသိအောင်ဖုံးထားခဲ့တာကြောင့် ဒီနေ့အိမ်တော်ကြီးကိုပြန်ဖို့အတွက် နည်းနည်းစိုးရိမ်နေမိတယ်။ သူကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ပေမယ့် ရှိန်းကတော့ အနေခက်နေနိုင်တယ်မလား။ အဲ့တာကြောင့်ပဲ အဂ္ဂိ သူ့ရဲ့အရိပ်ကို ဆင့်ခေါ်ခဲ့ပြီး အခြေအနေသိရအောင်မေးမြန်းနေခဲ့တာ...
အရိပ်.....အရိပ်ဆိုတာက ကိုယ်ခန္ဓာမရှိပဲ အနက်ရောင်အခိုးအငွေ့တွေနဲ့သာ ဖွဲ့စည်းထားတဲ့ သက်ရှိလည်းမဟုတ်သလို၊ သက်မဲ့လည်းမဟုတ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ပြီး အနီရောင်တောက်တောက်မျက်လုံးတွေကတော့ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့အချက်တွေပေါ့။ အရိပ်ရဲ့တည်ရှိမှုကို အဂ္ဂိကလွဲ ဘယ်သူမှမသိကြဘူး။ အံ့ဩစရာအကောင်းဆုံးအရာက အရိပ်က သူနဲ့အတူမွေးဖွားလာခဲ့တဲ့ သူ့ရဲ့အမွှာပဲ.....
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........