Part 16

3.6K 211 32
                                    

"အွန်း......ဝှား...."

သုတ အိပ်ရာကနေနိုးလာတာနဲ့ အရင်နေ့တွေကနဲ့မတူပဲ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတော့တယ်။ ဘေးကို ကြည့်လိုက်တော့လည်း ဦးက အိပ်ပျော်နေတုန်းပဲ။ သားလေးတို့မင်္ဂလာပွဲကိစ္စရော အလုပ်ကိစ္စတွေရော မနေ့ကပုံသွားတာဆိုတော့ တော်တော်ပင်ပန်းနေရှာပြီပေါ့။ အဲ့တော့ အိပ်ရာစောစောနိုးတုန်းလေး ဦးနိုးလာတာနဲ့ စိတ်ကြည်သွားအောင် မနက်စာကိုယ်တိုင်ချက်ပေးရမယ်။ အဲ့ကြမှ ဦးနိုးလာရင် ပင်ပန်းတာတွေပျောက်သွားမှာ။ လောလောဆယ်တော့ ဒီပျင်းရိ ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်ကို လန်းဆန်းသွားအောင် လုပ်ရမယ်.....

"ကျစ်....ပင်ပန်းနေသလိုကြီးပဲ....."

ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်ကို လက်ဖဝါးနှင့် ဟိုနေရာဆုပ်နယ် ဒီနေရာဆုပ်နယ်လုပ်ပြီးသည်နှင့်တစ်ပြိုင်နက် အိပ်ရာက ထကာ ‌လန်းဆန်းသွားအောင် ရေမိုးချိုးမျက်နှာသစ်ဖို့အတွက် ရေချိုးခန်းဘက်ကို ဦးတည်လိုက်တယ်။

ကျွီ........

သုတ အရမ်းပင်ပန်းနေသလိုခံစားနေရတာကြောင့် လောလောဆယ် လန်းဆန်းသွားအောင် ဘေစင်မှာပဲ မျက်နှာသစ်လိုက်တယ်....

"အဟင်း.....ဟင်...."

သုတ မျက်နှာသစ်နေရင်းနဲ့ သူ့လက်ကိုအမှတ်တမှတ်ကြည့်လိုက်တဲ့အချိန် သွေးကြောတွေက အဝါရောင်သန်းနေတာကြောင့် ကြောင်နေမိတယ်။

"ဘာလဲဟ......ဟင်! ဘယ်လိုဖြစ်တာလဲ....."

သုတ လက်တွေကို သိပ်အရေးမလုပ်ပေမယ့် မှန်ထဲကြည့်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့အရာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေ ပြောင်းပြန်စီးဆင်းသွားသလားထင်ရလောက်အောင် ကြောက်လန့်သွားတယ်.....

လည်ပင်း နားတစ်ဝိုက်မှာပေါ်နေတဲ့ ရွှေရောင် သွေးကြောပုံ အစင်းရာတွေနဲ့ အရင်ကလို အဝါရောင်မဟုတ်တော့ပဲ ရွှေရောင်ပြောင်းနေတဲ့ မျက်လုံး၊ အဆိုးဆုံးက မနေ့ကလို မျက်နှာမဟုတ်တော့ပဲ အထက်တန်းကျောင်း‌တုန်းကလို မျက်နှာဖြစ်နေတာပဲ......

သုတ တော်တော်လန့်နေမိတယ်။ မဟုတ်မှလွဲ အရင်က စိတ်ကျရောဂါများ ပြန်ဖောက်ပြီး မြင်ချင်ရာတွေ မြင်နေတာများလား.....

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now