အပြာနုရောင်ခပ်သန်းသန်း ကြည်လင်လှတဲ့ ကောင်းကင်ယံထက်မှာ ရွှေဝါရောင် နေမင်းကြီးဟာတော့ ခန့်ခန့်ညားညားတည်ရှိနေပြီး လောကတစ်ခွင်လုံးကို အလင်းဓာတ်၊ အနွေးဓာတ်တို့နဲ့ လွှမ်းခြုံထားခဲ့တယ်။ ထိုကဲ့သို့ သာယာလှတဲ့ နေ့ရက်လေးမှာပဲ နောက်ထပ်ကျက်သရေရှိလှတဲ့ သတင်းလေးကတော့.......
ဒေါက်! ဒေါက်! ဒေါက်!
ကျွီ.......
"နောက်တစ်နာရီနေရင် စတော့မယ်နော်။ သတိုးသားတွေ တစ်ခါတည်း အဆင်သင့်ပြင်ထားပေးပါ...."
ပွဲစီစဉ်သူရဲ့စကားအဆုံးမှာတော့ ဝေဟင် ခြေဖျား၊လက်ဖျားတွေ အေးစက်လာတော့တယ်။ ရှိန်းတုန်းကသာ သူ့မှာချော့နိုင်တာ။ သူကိုယ်တိုင် သတိုးသားနေရာလည်းရောက်ရော ထိန်းလို့မရလောက်အောင်ကို တုန်ရီနေရောပဲ....
ဝေဟင် တစ်ဖက်မှာလည်း စိတ်အရမ်းလှုပ်ရှားနေသလို တစ်ဖက်မှာလည်း မယုံကြည်နိုင်ဖြစ်နေမိတယ်.....
သူလက်ထပ်ရမယ့်သူက ရှိုင်းသုတမဟာတဲ့လား။ သူခုထိ မှတ်မိနေတုန်းပဲ။ ငယ်ငယ်ကဆို ရှိုင်းနဲ့သူနဲ့က အမြဲတကျက်ကျက်ရန်ဖြစ်ခဲ့ကြတာ။ သူ့စိတ်ထဲမှာ ထင်ခဲ့တာက တစ်ကမ္ဘာလုံးနဲ့သူတည့်ရင်တောင် ရှိုင်းနဲ့တော့ တည့်မှာမဟုတ်ဘူးလို့ပေါ့......
ခုတော့လည်း ကံကြမ္မာက သူအမုန်းဆုံးဆိုတဲ့သူကိုမှ သူအချစ်ရဆုံးသူအဖြစ်ပြောင်းလဲပေးခဲ့တယ်......
"ဝေဟင်....သားလေး....မာမီ့သားလေးက လှလိုက်တာကွယ်....."
ဒေါ်ဟေမာ သားဖြစ်သူရဲ့မျက်နှာလေးကိုကြည့်ပြီး မျက်ရည်တောင်ဝေ့မိတယ်။ သူဒီကလေးကို အသက်ကြီးမှရခဲ့တာမို့ သည်းသည်းလှုပ်ချစ်ခဲ့ရတာ။ ခုတော့ သူ့မျက်လုံးထဲမှာ ကလေးသာသာလို့ မြင်ခဲ့တဲ့ဝေဟင်လေးက မင်္ဂလာဆောင်တော့မယ့်အပြင် ကလေးတစ်ယောက်ဖခင်တောင် ဖြစ်နေပြီတဲ့လား.....
"အချိန်တွေက မြန်လိုက်တာ သားရယ်...အဟင့်...."
"မာမီ.....မငိုပါနဲ့နော်...."
"မာမီက ပျော်လို့ပါသားလေးရဲ့...."
ကျွီ......
YOU ARE READING
Love Curse ( အချစ်ကျိန်စာ ) Season 3
Fantasyရှိန်းသုတမဟာဆိုတဲ့ လူသားကောင်လေးရဲ့မျက်ရည်တွေက အဂ္ဂိဆိုတဲ့ငါ့တစ်ယောက်ထဲရဲ့အပိုင်........