Part 14

4.1K 218 49
                                    

ပုံသဏ္ဍာန်၊ အရောင်အသွေးစုံလင်လှတဲ့ သတ္တဝါတွေအမျိုးမျိုးကို မြင်တွေ့ခဲ့ရတာမို့ ရှိန်း တော်တော်ကို စိတ်လှုပ်ရှားနေမိတယ်။ သူတို့ ဒီအမည်မသိ ယာဉ်ကြီးကိုစီးလာရင်းနဲ့ နေ့လည်ရောက်လာလို့ထင်တယ် နေ‌တောင်တော်တော်ပူနေပြီ။ ရှိန်း အောက်က အကောင်သေးသေးလေးတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဒီလောက်နေပူနေတာ သူတို့လည်း ပင်ပန်းလောက်ရောပေါ့..........

ပီ..........

"‌ရေအောက်ဧရိယာကိုရောက်ပါပြီ......"

ယာဉ်ကြီးက နေရာတစ်ခုမှာ ထပ်မံရပ်သွားပြန်တာကြောင့် ရှိန်း ထရမလား၊ ဆက်ထိုင်ရဦးမလားဆိုတာ သိချင်တဲ့အတွက် အဂ္ဂိ အခြေအနေကို လှမ်းကြည့်လိုက်တယ်။ အဂ္ဂိက တုတ်တုတ်မလှုပ်တာကြောင့် ရှိန်း လည်းထိုင်မြဲအတိုင်း ဆက်ထိုင်နေလိုက်တယ်။ ဒီတစ်ခါနဲ့ဆို ဒီယာဉ်ကြီးရပ်တာ လေး၊ငါးခါလောက်တောင်ရှိနေပြီ။ အချို့တွေဆို အရှေ့မှာ ရပ်တဲ့နေရာတွေထဲက ဆင်းသွားကြပြီးပြီ။ ခုတောင် ယာဥ်‌ပေါ်မှာ လူသိပ်မကျန်တော့ဘူး......

"ဟင်! အကုန်ဆင်းသွားတာလားဟ....."

ရှိန်း လူနည်းနည်းပဲကျန်တော့မယ်ထင်နေခဲ့တာ။ ဒါပေမယ့် အနောက်ဘက်ကို လှည့်ကြည့်လိုက်တော့ ယာဉ်ကြီးပေါ်မှာ သူနဲ့အဂ္ဂိ နှစ်ယောက်ထဲဘဲ ကျန်တော့တယ်.......

"ခရီးသည်တွေ အားလုံးကုန်........"

"ငါတို့ကျန်သေးတယ်....."

ယာဉ်ကြီးရဲ့လမ်း‌ကြောင်းကို ထိန်းနေရတဲ့ လူနှင့်‌ ကြောင်မျိုးစပ်ကြောင်ဝါကြီးမှာ ကျန်နေသေးတဲ့ခရီးသည်နှစ်ယောက်ကို ကြည့်ပြီး ရင်တွေတုန်နေရတယ်။ သူတို့နေ့တိုင်း ရေအောက်ဧရိယာထိပဲ ခရီးသည်တွေကို ပို့ဆောင်ပေးနေကြဖြစ်ပြီး ဟိုဘက်ခြမ်းအမှောင်ဧရိယာအထိတော့ သူဒီအလုပ် စလုပ်ထဲကနေ ခုချိန်ထိ မပို့ဘူးသေးဘူး။ ယာဉ်ကြီးကို သယ်ထားတဲ့ နတ်သူငယ်သေးသေးလေးတွေပုံကြည့်ရတာလည်း ဟိုဘက်အခြမ်းထိပို့ဖို့ကို လန့်နေကြတယ်........

"လူကြီးမင်းခင်မျ ...ကျွန်တော်တို့က ဒီနေရာထိပဲပို့နေကြမို့....."

Love Curse ( အချစ်ကျိန်စာ ) Season 3 Where stories live. Discover now