Unicode
ထယ်ယောင်းအဘွားနိုးလာတော့ အိမ်ရှေ့မှာကားရပ်ထားတာမြင်ပြီး ဂျောင်ဂုရောက်နေမှန်းသိလိုက်သည်။
"အင်း....မြေးဂျောင်ဂုရောက်နေတာနဲ့ တူတယ်..."
"ကိုကို ...လန်းသွားအောင် မျက်နှာသစ်လိုက်ပါလာ...ပြီးရင် မနက်စာ စားမယ်လေ...."
"အင်းပါ ကလေးရယ် သစ်မှာပေါ့...အခုတော့ကလေးကို ခဏလေး ဖက်ထားချင်သေးတယ်..."
ဂျောင်ဂုက ထယ်ယောင်းကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ တင်းကြပ်စွားဖက်ထားလိုက်သည်။
"အင်း.....အခုမှပဲ အလွမ်းတွေပြေသွားတော့တယ်....ချစ်လိုက်တာ ကလေးရယ်....ကိုကို့ ကလေးလေးကို အသက်ထပ်မက ချစ်ရပါတယ်..."
"ကျွန်တော်လည်း ကိုကို့ ကို အရမ်းချစ်တယ်...."
ထိုစဉ် ထယ်ယောင်းအဘွားမှာလည်း ထယ်ယောင်းအခန်းထဲက စကားပြောသံကြား၍ အခန်းတံခါးကို ဆွဲဖွင့်လိုက်စဉ် ဂျောင်ဂုနဲ့ ထယ်ယောင်းဖက်နေတာမြင်ပြီး လန့်ဖြန့်လို့သွားသည်။
"အမလေး..."
ဂျောင်ဂုမှာလည်း ထယ်ယောင်းအဖွားအသံကြား၍ တစ်ယောက်နဲ့ တစ်ယောက် ခွါလိုက်ကြသည်။
"အဘွား..."
"အမလေး...ငါ့မြေးတို့ရယ်....မနက်စောစော စီးစီး ဘာတွေလုပ်နေကြတာတုန်း..."
"ဘာမှ မလုပ်ပါဘူး အဘွားရဲ့...ဒီတိုင်းဖက်ယုံလေးပါ..."
"အေးပါ...အေးပါ...ဒါဆို လည်း ဆက်ပြီးဖက်ကျ အဘွား မြေးတို့ စားဖို့ မနက်စာ သွားပြင်လိုက်ဦးမယ်..."
"နေနေ အဘွား...ဒီနေ့ မနက်စာ ကျွန်တော် ကိုယ်တိုင် လုပ်မှာ အဘွားနားနားနေနေ နေ..."
"အေးပါကွယ်....ဒါဆိုလည်း အဘွားသွားနားတော့မယ်..."
ထယ်ယောင်းလည်းမနက်စာ လုပ်ရန် မီးဖိုခန်းထဲဝင်ပြီး ပြင်ဆင်တော့သည်။ ထယ်ယောင်း မနက်စာလုပ်တော့ ဂျောင်ဂုက ထယ်ယောင်းအနားမှာ ဝိုင်းကူလုပ်ပေးသည်။
မနက်စာ အားလုံးပြင်ဆင်ပြီးမှ ထယ်ယောင်းအဘွားကိုခေါ်ကာ မနက်စာကို ဆုံဆုံညီညီ စားကြတော့သည်။
YOU ARE READING
𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆
Fanfiction!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော့ပေးပါ့မယ်....!