Episode (1)(Uni/Zaw)

871 83 30
                                    

Unicode


     ✨My youth✨ (or)
✨မြေသင်းပျံ့ပျံ့မိုးနံ့နံ့✨
    ✨ Episode (1)✨

ကျောင်းတက် ခေါင်းလောင်းထိုးသံအကြား ရွှေရောင်ထိန်လင်း စက်ဘီးကို အမြန်နင်းလိုက်သည်။ချွေးတွေကတဒီးဒီးကျနေပြီး စိတ်ကအရမ်းလောနေသော်လည်း ဒီနေ့ကျမှ ကျောင်းတံခါးပေါက်ကိုရောက်ဖို့ ပိုဝေးနေသလိုခံစားရသည်။ဘယ်လောက်အားသွန်ခွန်စိုက်နင်းနင်း မရောက်နိုင်ဘဲ နောက်ဆုံး နင်းရင်းဖြင့် ကျောင်းတံခါးပိတ်သွားသည်ကို သူ့မှာမြင်တွေ့လိုက်ရသည်။သူ့လို ကျောင်းနောက်ကျသည့်ကျောင်းသားများက ကျောင်းတံခါးပေါက်တွင် တန်းစီမတ်တပ်ရပ်နေကာ အရိုက်ကြမ်းလှပါသည်ဆိုသည့် သင်္ချာဆရာက တုတ်တစ်ချောင်းနှင့်ရောက်လာသည်ကိုတွေ့လိုက်ရသည်။

ထိုဆရာက ဘယ်လောက်ဆိုးလဲဆို သူတို့ အာရဘလ်(Arable)မြို့မှာ အရမ်းနာမည်ကြီးသည်။အထူးသဖြင့် ကျောင်းနောက်ကျသည့် ကျောင်းသားတွေဆို ညှာလေ့မရှိ။ပြန်ခံပြောလျှင် နားရင်းအုပ်ကာဆုံးမတတ်သည်မို့ ဆိုးလှပါသည်ဆိုသည့် ကျောင်းသားတိုင်းကကြောက်ကြတာဖြစ်သည်။ထိုဆရာ့လက်ထဲအရိုက်ခံရမှာထက်စာလျှင် ကျောင်းလစ်လိုက်တာက သူ့အတွက် ပိုကောင်းလောက်မည်ထင်၏။
ထိုအခိုက် ‌‌သူ ချက်ချင်းလှည့်ပြေးချင်စိတ်ပေါက်သွားသော်လည်း အချိန်မမှီလိုက် ဂုတ်ကနေ ကိုင်ဆွဲလိုက်သည့်အားနှင့်အတူ ဆရာ၏ဒေါသတကြီး အော်သံကိုပါကြားလိုက်ရသည်။

“သားကြီး....Gold.... သား... Gold ရေ ဒီကလေး ညနေစောင်းကြီးအိပ်‌နေတာ နှိုးကိုမရဘူး ....”

ရွှေရောင်ထိန်လင်း နေ့ခင်း၂နာရီလောက်ကတည်းက အိပ်သွားသည်မှာ ယခု ၅နာရီတောင် ထိုးသွားပြီဖြစ်သည်။တော်တော်နှင့် နှိုးမရသဖြင့် ဒေါ်ချိုချိုလင်း လှုပ်ရမ်းကာ အော်နှိုးလိုက်သည်။

“ရွှေရောင်ထိန်လင်း!!!”

“ဟမ်!!ဗျာ ဗျာ!”

Gold  အလန့်တကြားနိုးလာကာ ချက်ချင်း ငုတ်တုတ်ထထိုင်လိုက်သည်။နားရင်းအုပ်ခံရဖို့ သီသီလေးလွတ်လာသဖြင့် သူသက်ပြင်းကို အသာခိုးချလိုက်မိသည်။ကျောင်းပိတ်ထားတဲ့ နွေကာလတစ်ခုလုံး သူ့မှာ အမြဲကျောင်းနောက်ကျသည့်အိမ်မက်ပဲမက်နေကာ တစ်ခါမှ ကျောင်းကို စောရောက်တယ်လို့မမက်။

မြေသင်းပျံ့ပျံ့ မိုးနံ့နံ့ (or) My Youth (ongoing)Where stories live. Discover now