Unicode
✨My youth✨ (or)
✨မြေသင်းပျံ့ပျံ့မိုးနံ့နံ့✨
✨ Episode (32)✨နှစ်ဝက်စာမေးပွဲဖြေရမည့် နောက်ဆုံးနေ့တွင် ထိုက်တန် သူ့မိဘတွေ Cobolမြို့ကို ရောက်နေသည်ဆိုသည့် သတင်းနှင့်အတူ ညနေကျောင်းဆင်းရင် ဦးလေးဖြစ်သူက လာခေါ်မည်ဆိုသည့် စကားကြောင့် နည်းနည်း အကြပ်ရိုက်နေသည်။ထို့ကြောင့် နောက်ဆုံးတစ်ဘာသာမဖြေခင် ကန်တင်းကိုရောက်နေတုန်း ထိုကိစ္စကို သေချာစဉ်းစားနေမိသည်။
ပိတ်ရက်(၁၀)ရက်ကို Goldတို့ဆီ လိုက်သွားပြီး ကောက်ရိတ်သိမ်းပွဲတော်ကို Money လေးနှင့်အတူ ဆင်နွှဲမည်ဟု အားခဲထားသောကြောင့် မတတ်နိုင် ဒီညတော့ မာမီတို့ကိုသွားတွေ့ပြီး ခွင့်တောင်းရမည်။
“Gold ငါ ည အဆောင်မှာမအိပ်ဘူးနော် ငါ့မိဘတွေရောက်နေလို့ ဦးလေးက လာခေါ်မှာ ...ငါ သူတို့ဆီ ခွင့်တောင်းလိုက်ပြီး မနက်ဖြန် စောစော လာခဲ့မယ်နော် မင်း ငါ့ကို သေချာပေါက်စောင့်ရမယ်နော်..”
“အင်း မင်းပြန်လာမှ ပြန်မယ် စိတ်မပူနဲ့ ပါးပါးလာခေါ်မှာ ငါစောင့်နေပေးမယ်....”
“အိုကေ ...Gold မင်းကအကောင်းဆုံးပဲ Money ရောပါလာမှာလား..”
“အင်း မသိဘူး ပါလာချင်လဲ ပါလာနိုင်တယ်..”
“အင်း Money ပါလာမယ်ဆိုရင် ငါ့မိဘတွေအိမ်ကပြန်လာရင် သူ့ဖို့ ရေဘဝဲလုံးကြော်နဲ့ငါးပေါင်မုန့်ဝယ်ခဲ့ပေးမလို့ ဟဲဟဲ မင်းဖို့ရော ပါတာပေါ့နော်...”
ထိုက်တန် ကိုယ့်ဘာသာ သဘောကျသွားပြီး ရယ်လိုက်ရင်း Goldကို အကဲခတ်လိုက်သည်။ပြောလို့သာပြောရတာ အခုချိန်ထိ Gold ဒေါသထွက်တာမပြောနှင့် လေသံမာတာတောင် မတွေ့ဖူးပေ။ဟိုကောင်တွေအဖွဲ့နှင့်ဆုံတုန်းကတောင် ရိုးရိုးလေးသံနှင့် ပြောတာဖြစ်သည်။ဟိုကောင်တွေဆိုမှ သူတို့တွေလဲ စာမေးပွဲဖြေနေရ၍ ရာဇာမင်းမော် နှောင့်ယှက်တာ Gold မခံရတော့တာဖြစ်သည်။မဟုတ်လျှင် တစ်နေ့တစ်မျိုး မရိုးရအောင် အမှိုက်ပုံးထဲရောက်လေ၏။“ဟုတ်ပါပြီ...”
Gold ပြုံးရင်း ဖြေလိုက်သည်။ပါးပါးလာခေါ်မှာဖြစ်လို့ ခွန်ခွန်းက လိုက်မလိုက်မသိတာမို့ သူရယ် ထိုက်တန်ရယ် မိုးခါးရယ်ဆိုတော့ စုစုပေါင်း(၃)ယောက်က သေချာသည်။ထိုအချိန် ပါးကို လာကပ်သည့် ပဲနို့ဘူးလေးနှင့်အတူ မိုးခါးတို့အဖွဲ့ရောက်လာသည်။Gold ပဲနို့ဘူးကို ယူ၍ ပြုံးပြလိုက်ကာ သူဝယ်ထားသည့် ဘူးကြီးကို မိုးခါးဆီပေးလိုက်ရင်း..
“ငါဝယ်တိုက်မှာကို မင်းအမြဲ ဝယ်ဝယ်လာတယ်နော်..”
YOU ARE READING
မြေသင်းပျံ့ပျံ့ မိုးနံ့နံ့ (or) My Youth (ongoing)
RomanceAOB World,Male pregnant, Warning 18+ မိုးသက်မုန်တိုင်းတွေပြီးသွားတိုင်း မြေသင်းနံ့လေးက ကျန်ရစ်စမြဲ