Episodes ( 12)(Uni/Zaw)

370 69 16
                                    

Unicode

    ✨My youth✨ (or)
✨မြေသင်းပျံ့ပျံ့မိုးနံ့နံ့✨
    ✨ Episode (12)✨


နောက်တစ်နေ့ Goldတို့ကျောင်းကိုရောက်လာတော့ ဘီးစတန်း၏ အမိုးထောင့်မှာ Cctv 2လုံး တပ်နေတာကိုတွေ့ခဲ့ရသည်။ထို့အပြင် ယောင်္ကျားToilet အဝင်မှအစ အားကစားကိရိယာတွေထားသည့် စတိုခန်းအဆုံး Cctv မရှိသည့်နေရာတိုင်းကိုတပ်သွားသဖြင့် တစ်ကျောင်းလုံးက ဘယ်နားကြည့်ကြည့် Cctvများဖြင့် ပြည့်နေလေ၏။cctvမရှိသည့်နေရာဆိုလျှင် စာသင်ခန်းများအတွင်းသာဖြစ်သည်။

စာသင်ခန်းထဲရောက်လာတော့ Goldခုံအောက်က အကန့်ထဲမှာ စာတစ်စောင်နှင့်အတူ ပန်းတစ်ပွင့်ရောက်နေသည်ကိုတွေ့လိုက်ရသည်။အတန်းထဲတွင် အတန်းဖော် တချို့တလေ ရောက်နေပြီဖြစ်ရာ သူ့ကိုစိတ်ဝင်တစားကြည့်နေကြပြီး ပန်းနှင့်စာကိုကြည့်၍ Goldစိတ်ထဲ ဇဝေဇဝါဖြစ်သွားရသည်။

ချစ်ဖူးငုံ မျက်မှန်ကိုပင့်တင်၍ ရွှေရောင်ထိန်လင်းကိုကြည့်လိုက်ကာ...
“အဲ့ဒီစာက ငါမရောက်ခင်ကတည်းကရှိနေတာ နင် နင့်ကို ဘယ်ကောင်မလေးပေးသွားတာလဲမသိဘူး...”

“ဟုတ်လား...”

“ကြည့်ကြည့်လိုက်လေ....”

“အင်း...”
Gold ခေါင်းညိတ်ပြ၍ စာကိုဖွင့်ကြည့်လိုက်သည်။

သို့..

          ကိုယ့်နာမည်က ရာဇာမင်းမော်ပါ ။မင်းကိုယ့်ကိုသေချာသိမယ်လို့ထင်ပါတယ် ။မင်းပုံစံနဲ့အကြည့်တွေက ကိုယ့်စတိုင်ပဲ ။ဘယ်လိုလဲ ။ကိုယ်နဲ့တွဲမလား။
အကယ်၍ သဘောတူတယ်ဆိုရင် အားကစားချိန်ကျ စတိုခန်းထဲလာခဲ့ ကိုယ်စောင့်နေမယ်။
စိတ်ကူးမမှားနဲ့နော် ကိုယ်ကမင်းလိုချင်တာအကုန်ပေးနိုင်တယ်။
အခုတော့ နှင်းဆီတစ်ပွင့်ကို အရင်ယူထားလိုက်ပါဦး။နောက်ကျ မင်းလိုချင်တာမှန်သမျှ လက်ညှိုးညွှန်လိုက်တာနဲ့ မင်းခြေရင်းရောက်စေရမယ်။

                             ရောင့်ရဲ့ရာဇာမင်းမော်

စာကိုဆုံးအောင်ဖတ်လိုက်ပြီးနောက် Gold စိတ်ထဲမနှစ်မြို့စိတ်များနှင့်အတူ နားမလည်နိုင်ဖြစ်သွားသည်။မနေ့ကရန်လာရှာပြီး ဒီနေ့ ရည်းစားစာဟုယူဆရသည့်စာကိုပေးလာသော ရာဇာမင်းမော်စိတ်ထဲ သူ့ကိုမည်သို့ထင်နေသည်လဲ။
Gold မျက်လုံးတွေက အမှိုက်သရိုက်ကိုထိလိုက်ရသလို ဖြစ်သွားကာ ထိုစာကိုလုံးချေလိုက်ပြီး ပန်းနှင့်အတူ အခန်းထောင့်က အမှိုက်ပုံးထဲကိုထည့်လိုက်သည်။

မြေသင်းပျံ့ပျံ့ မိုးနံ့နံ့ (or) My Youth (ongoing)Where stories live. Discover now