Episode (9)(Uni/Zaw)

375 62 9
                                    

Unicode

   ✨My youth✨ (or)
✨မြေသင်းပျံ့ပျံ့မိုးနံ့နံ့✨
    ✨ Episode (9)✨

ထုံးစံအတိုင်း ကျောင်းကို အစောကြီးရောက်လာသော်လည်း ဒီနေ့တော့ အခန်းထဲကို စောစောသွားချင်စိတ်ရှိမနေသဖြင့် Gold  ထိုက်တန်တို့ အခန်းထဲမှာပဲ အချိန်ဖြုန်းနေလိုက်ကာ ကျောင်းတက် ခေါင်းလောင်းထိုးပြီဆိုမှ အခန်းရှိရာသို့ သွားလိုက်သည်။

အခန်းထဲရောက်တော့ မူလ သူထိုင်နေကြနေရာတွင် မိုးခါးမုန်တိုင်း တစ်ယောက်ထဲ ထိုင်နေကာ သူဝင်လာတော့ နောက်ကို တစ်ချက် လှည့်ကြည့်လာပြီး ရှေ့သို့ ပြန်လှည့်သွားသည်။

Goldအနေဖြင့် မိုးခါးမုန်တိုင်းဘေး ထိုင်ချင်စိတ်ရှိမနေပါ။ထို့အပြင် ဧကရီမင်းမော်ကို အတန်းထဲမှာ မတွေ့သဖြင့် Gold နောက်ဆုံးက လွတ်နေသည့် ဧကရီမင်းမော် ထိုင်သည့် ခုံမှာဝင်ထိုင်လိုက်သည်။ကြည့်ရတာ ဧကရီမင်းမော်က ခွင့်ယူထားပုံရသည်။

မနေ့ကကိစ္စနှင့်ဒေါသတွေက အခုချိန် သူ့အာရုံထဲမရှိတော့ပေမယ့် ထိုနှစ်ယောက်အကြား လက်ညှိုးထိုးမခံနိုင်သလို အစွပ်အစွဲလဲမခံနိုင်သဖြင့် Gold ဝေးဝေးနေဖို့ဆုံးဖြတ်ထားသည်။ထို့ကြောင့် ပထမတန်းခွဲစာမေးပွဲ မဖြေရသေးခင်အထိ တခြားသူတစ်ယောက်ယောက်နှင့်ထိုင်တာပဲဖြစ်ဖြစ် သူတစ်ယောက်ထဲ ထိုင်တာပဲဖြစ်ဖြစ် နေမည်ဟု တွေးထားလိုက်သည်။

ခဏမျှကြာတော့ ဆရာမ ဝင်လာပြီး Roll call ခေါ်ပြီးနောက် ဧကရီမင်းမော်က နေမကောင်း၍ ခွင့်ယူထားကြောင်းပြောလာသည်။ဘာမဆိုင်ညာမဆိုင် Gold မိုးခါးမုန်တိုင်းကို လှမ်းကြည့်မိသွားသည်။
ထိုအချိန် မိုးခါးမုန်တိုင်းက နောက်ကိုလှည့်ကြည့်လာသဖြင့် Gold သူနှင့်အကြည့်ချင်းဆုံသွားသည်။

ထိုအကြည့်များက မကျေမနပ်အကြည့်များနှင့်တူလေရာ မိုးခါးမုန်တိုင်းက သူ့ကို မကျေမနပ်ဖြစ်နေသည့်ပုံပင်။ဧကန်တ ဧကရီကရီမင်းမော်ခုံကိုထိုင်လို့ မကျေနပ်တာလား။ဒါမှမဟုတ် မနေ့ကကိစ္စကိုမြင်လိုက်လို့မကျေနပ်တာလား။
Gold စိတ်လေမိသွားသလို ရယ်လဲရယ်ချင်မိသွားသည်။သို့သော် မရယ်ဖြစ်လိုက်ပေ။

မြေသင်းပျံ့ပျံ့ မိုးနံ့နံ့ (or) My Youth (ongoing)Where stories live. Discover now