Episode (45)(Uni/Zaw)

142 52 6
                                    

Unicode

     ✨My youth✨ (or)
✨မြေသင်းပျံ့ပျံ့မိုးနံ့နံ့✨
    ✨ Episode (45)✨

တက်လူ ဆေးရုံကနေထွက်လာပြီး လမ်းမပေါ်အရောက် ရပ်ထားသည့် ကားတစ်စီးပေါ်မှ လူတစ်ယောက်က ကားမှန်ချပြီး သူ့ကိုစိုက်ကြည့်လာသည်ကိုတွေ့လိုက်ရသည်။

*ရာဇာ*

အကြည့်တွေခက်ထန်နေပုံက သူချစ်ရသူအား ထိခိုက်စေခဲ့သည့် တက်လူကို တစ်စစီစုတ်ဖြဲချင်နေသည့်ဟန်။တက်လူ သဘောတကျ ပြုံးလိုက်မိသည်။သူ့ကားပေါ်ကို တက်လူ လိုက်စေချင်သည့် သဘောရှိတာမို့ တက်လူလည်း ဘာစကားမှမပြောဘဲ ဘေးခုံမှာဝင်ထိုင်လိုက်သည်။

တရွေ့‌ရွေ့မောင်းနှင်နေသော ကားပြတင်းပေါက်မှ အပြင်ကို ငေးရင်း တရိပ်ရိပ်ကျန်‌ရစ်နေခဲ့သည့် ပုံရိပ်များလို တက်လူ၏ စိတ်ဝိဉာဉ် ပြိုကွဲချင်နေသည့်ဟန်ရှိသည်။တိတ်ဆိတ်နေသော ကားအတွင်းမှာ သိသိသာသာ ထုတ်လွှတ်ထားသော ပြင်းအားအပြည့်နှင့် Alpha တစ်ယောက်၏ဒေါသများကို သူလို Beta တစ်ယောက်တောင် ခံစားလို့ရခဲ့သည်။

*စပျစ်ဝိုင်အနံ့ ရာဇာ ဒေါသထွက်ရင်ရတဲ့အနံ့က စပျစ်ဝိုင်နံ့လား...*

သူ့နောက်လိုက်နေတဲ့ ဒီတစ်လျှောက်လုံးမှာ ဟို‌ကိစ္စညက စပျစ်ခင်းထဲရောက်သွားသလို ခံစားခဲ့ရပြီး ဒီနေ့မှာတော့ ပြင်းရှတဲ့ စပျစ်ဝိုင်နံ့ကို သူခံစားသိရှိခဲ့ရသည်။ပေးဆပ်ခဲ့သမျှနှင့်ကျူးလွန်ခဲ့သမျှက  စိတ်တက်ကြွပြီး သူ့ကြောင့် အထွဋ်အထိပ်ရောက်နေတဲ့အချိန် ရတဲ့အနံ့နှင့်  သူ့ကိုသတ်ဖြတ်ချင်လောက်အောင် ဒေါသထွက်နေတဲ့အချိန် ရသည့်အနံ့ကို သိခဲ့ရတာနှင့်တင် တန်နေပါပြီဟု တက်လူတွေးလိုက်သည်။ကားက မြို့ပြင်ကိုဦးတည်နေပြီး တော်တော်ဝေးဝေးလေး မောင်းလာပြီးမှ လမ်းဘေးတစ်နေရာတွင်ရပ်သွားသည်။

“ဆင်းခဲ့...”

ဒေါသအပြည့်နှင့်ပြောလာသူ၏အမိန့်အတိုင်း တက်လူ အသာတကြည်ပဲ ဆင်းကာ သူနှင့် သုံးပေလောက်အကွာမှာ မတ်တပ်ရပ်နေလိုက်သည်။

ခွပ်!

ပြင်ဆင်ချိန်တောင်မရလိုက်တဲ့ ထိုးနှက်မှုကြောင့် တက်လူ ပစ်စလက်ခက်လဲသွားကာ ပါးစပ်ထဲမှ ငံကျိကျိ သွေးအရသာကို ခံစားလိုက်ရသည်။သူချစ်ရတဲ့သူက  အားမာန်ဘယ်လောက်ပြည့်ဝလဲ သူခံစားဖူးတာမို့ သိရှိခဲ့ပြီး‌ဖြစ်သော်လည်း အခုလိုထိုးနက်ချက်ကတော့ ပို၍ သာသဖြင့် တက်လူ ဒုတိယမ္ပိပြုံးမိပြန်သည်။

You've reached the end of published parts.

⏰ Last updated: 8 hours ago ⏰

Add this story to your Library to get notified about new parts!

မြေသင်းပျံ့ပျံ့ မိုးနံ့နံ့ (or) My Youth (ongoing)Where stories live. Discover now