Chapter 49
June 18, 2024
💮Chapter 49တဲထဲတွင် တိတ်ဆိတ်သွားသည်။
ဝမ်လျန်၏ မြေကြီးကွဲအက်လုမတတ် ငိုသံကြောင့် ရှစ်ယဲ့ ခေါင်းကိုက်လာသဖြင့် မျက်လုံးမှိတ်၍ မျက်ခုံးအလယ်ကို ပွတ်သပ်လိုက်သည်။
ရှစ်ကျင်းက သက်ပြင်းချလိုက်ပြီး ရေရွတ်သည်။
“အစ်ကိုတော်က ငိုရတာကို နှစ်သက်ကြတဲ့သူတွေကို အမြဲမုန်းတာဆိုတော့ အခုအခြေအနေက အစ်ကိုတော်အတွက် အရမ်းစိတ်ရှုပ်စရာကောင်းနေမှာပဲ…”
ဝမ်ချီ “…”
ဝမ်ချီ မူလက အိမ်ရှေ့စံအား ဝမ်လျန်ကိုယ်စား သနားခံပေးရန် စဉ်းစားနေခဲ့သော်လည်း ရှစ်ကျင်း ပြောသည့်စကားကို ကြားပြီးသောနောက် သူ အလွန်ထိတ်လန့်သွားကာ လျှာဖျားတွင် ရစ်ဝဲနေသော စကားလုံးများကို အလျင်အမြန် ပြန်မျိုချလိုက်ရသည်။
ထားလိုက်ပါတော့ … သူကိုယ်တိုင်လည်း ငိုရတာကြိုက်တဲ့သူဆိုတော့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး အသေမခံတော့ပါဘူးလေ…
ဝမ်လျန် တဲထဲသို့ဝင်လာသောအချိန်နှင့် ပြန်ဆွဲထုတ်ခံရသောအချိန်ကြား ကွာဟမှုက အမွှေးတိုင်တစ်တိုင်စာပင် ရှိမနေချေ။
ထိုကဲ့သို့ ရုတ်တရက်ဖြစ်ပျက်သွားမှုက ဝမ်လျန်နှင့် အတူဝင်လာသော လီဟောက်ကိုပါ အံ့အားသင့်တုန်လှုပ်စေခဲ့သည်။ သူက တဲအတွင်းမှ ထွက်ပြေးချင်ဟန်ရှိသော ဖြူဖျော့ဖျော့မျက်နှာဖြင့် ရပ်နေခဲ့သည်။
ကံမကောင်းစွာပင် ဤနေရာက သူဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၍ရသော နေရာမဟုတ်ပေ။
သူ့ခြေထောက်များက အားနည်းတုန်ခါနေပြီး ခန္ဓာကိုယ်အလေးချိန်ကိုပင် မထိန်းနိုင်တော့သော်လည်း ဆက်လက်ရပ်နေနိုင်အောင် ကြိုးစားအားတင်းနေရသည်။
ထိုအချိန်တွင် ရှစ်ယဲ့၏ အကြည့်များက သူ့ဘက်သို့ လှည့်လာသည်။
လီဟောက်က ရှစ်ယဲ့၏အကြည့်ကို သတိပြုမိပြီး ဝမ်လျန်ကဲ့သို့ မြေပြင်ပေါ် လဲကျလုနီးပါးဖြစ်သွားသည်။
YOU ARE READING
အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်
Historical FictionTITLE- Transmigrated to become the Tyrant's Male Concubine သက်ဦးဆံပိုင် အာဏာရှင်၏ ကိုယ်လုပ်တော်အဖြစ် ကူးပြောင်းခြင်း (ဝမ်ချီ) Description 💥 သူနိုးလာသည့်အခါ ဝမ်ချီသည် ဝတ္ထုတစ်ခုထဲသို့ ကူးပြောင်းလာခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုဝတ္ထု၏ အဓိကဇာတ်ဆော...