ထာဝရ(၁)

4.4K 236 1
                                    

*အရာရာကိုပြီးပြည့်စုံပြီးလိုတရဘဝကြီးကိုပိုင်ဆိုင်ထားသလို လောကမှာပြည့်စုံစွာမွေးဖွားလာတဲ့ခဲ့တဲ့
Hun..ဆိုတဲ့ကောင်လေး
*လောကကြီးကသူ့အတွက်ဆိုအမြဲသိမ်ငယ်စရာတွေခါးသီးမှုတွေအမြဲလက်ဆောင်အဖြစ်ယူလာပေးခြင်းခံရတဲ့ lu ဆိုတဲ့ကောင်မလေး

မတူညီတဲ့ဘဝနှစ်ခုမှကောင်လေးနှင့်ကောင်မလေး
သူတို့နှစ်ယောက်ဟာကံကြမ္မာရဲ့ဆုံစည်းပေးမှုကြောင့်ကျောင်းတစ်ကျောင်းမှာ အရမ်းရင်းနှီးတဲ့သူငယ်ချင်းအဖြစ်ရောက်ရှိခဲ့တယ်
************************
Lu..ကဆင်းရဲတဲ့မိသားစုကပေါက်ဖွားခဲ့တဲ့သူဖြစ်ပေမယ့် lu ရဲ့အရင်းနှီးဆုံးသူငယ်ချင်း hun
ကတော့ lu တို့ရဲ့မြို့ပြမျက်နာဖုံးသူဌေးစာရင်းဝင်တွေပါ..hun က lu တို့ကျောင်းမှာ စာအတော်ဆုံးစံပြကျောင်းသားဖြစ်သလို hun ရဲ့မိဘတွေကလည်းပညာတက်အသိုင်းဝိုင်းတွေထဲကမို့
Lu မှာ hun နဲ့တွေ့ရင်အမြဲအားငယ်မိပါတယ်
hun ရဲ့အဖေဟာ luတို့မြို့ရဲ့လက်ရှိ ဆေးရုံ
အုပ်ကြီးဖြစ်သလို hun ရဲ့အမေကလည်း နာမည်ကျော်ကြားတဲ့ရှေ့နေတစ်ယောက်ပါ

Lu နဲ့ hun ဘဝကဆန့ကျင်ဘက်ပါ
Luတို့မိသားစုကဆင်းရဲတယ် အဖမဲ့သမီးတစ်ယောက်ဖြစ်တဲ့lu ကို lu အမေကပင်ပန်းဒုက္ခ
ခံပြီးကျောင်းထားခဲ့တာပါ ဘဝအခက်ခဲမျိုးစုံကို
သားမိနှစ်ယောက်ရင်စည်းခံပြီးခက်ခက်ခဲခဲကျော်ဖြတ်နေရတာမို့ဘဝရဲ့လောကဓံဆိုတာ lu
အတွက်တော့ မစိမ်းတော့ပါဘူး

Lu တို့ရဲ့ကျောင်းကို hun ပြောင်းလာတဲ့နေ့ကစပြီးနောက်နေ့တွေမှာတော့ အမြဲတမ်းအခန်းထောင့်လေးမှာ ငေးမှိုင်ပြီးရီဝေနေတဲ့မျက်လုံးတွေနဲ့ကျောင်းရဲ့အပြင်ဘက်ကိုငေးနေတက်တဲ့
Lu ကို hun သတိထားမိလာပါတယ် တစ်ခါတလေ လောကကြီးကိုမထီမဲ့မြင်မျက်နာနဲ့တိုက်ပွဲထွက်ရတဲ့စစ်သူကြီးတစ်ယောက်လိုအရာအားလုံးကိုစိန်ခေါ်နေသလို တစ်ခါတလေကျတော့လည်းအရာအားလုံးကိုဒူးထောက်အရှုံးပေးပြီး စစ်ပွဲမှာရှုံးနမိ့်ခဲ့တဲ့ စစ်သည်တစ်ယောက်လို အားငယ်နေတက်တဲ့သူမရဲ့မျက်နာ
မာလိုက် ပျော့လိုက် နဲ့တစ်မေ့တမျိုးပြောင်းလည်းနေတာကြောင့် သူမရဲ့မျက်နာဟာ hun အတွက်တော့ထူးဆန်းနေခဲ့ပါတယ် ဒီကျောင်းခန်းထဲမှာတော့ lu ဟာသူ့အတွက်အရမ်းကိုထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်

၃ လလောက်ကြာသော်...
Lu နဲ့ hun ဟာအရမ်းခင်ကြတဲ့သူငယ်ချင်းတွေအဖြစ်ကိုရောက်ရှိခဲ့ပါတယ် ဒါကို hun
မိဘတွေသိတဲ့အခါမှာတော့ hun ကို luနဲ့မတွဲဖို့အပြင်းအထန်တားမြစ်ခဲ့ပါတယ်
ဒါကို lu ကိုယ်တိုင်လည်းသိခဲ့တာမို့ hunကိုတက်နိုင်သလောက်ရှောင်ခဲ့ပါတယ် hun မိဘတွေရဲ့အကြောင်းပြချက်ကတော့ lu ဟာ
ဆင်းရဲ့တဲ့မိသားစုကနေမွေးဖွားလာတဲ့မိန်းကလေးမို့လို့ပါပဲ hun ကတော့မိဘတွေကိုဂရုမစိုက်ပဲ lu နဲ့ပိုပိုပြီးတွဲမြဲတွဲလာတာမို့နောက်ဆုံးတော့lu
လေးလက်လျော့လိုက်ရပါတယ်

မနက်တိုင်းကျောင်းသွားဖို့ စက်ဘီးလေးနဲ့lu
အိမ်ကို နေ့တိုင်းမပြတ်လာခေါ်တက်တဲ့ hun
ကြောင့် lu အမြဲပဲစိတ်တွေလေးလံခဲ့ရပါတယ်

တစ်နေ့မှာတော့ ကျောင်းပေါင်းစုံအနုပညာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ကျောင်းသားတွေရွေးချယ်ရာမှာ
Lu တစ်ယောက်အရွေးခံခဲ့ရပါတယ် အနုပညာ
သီချင်းဆိုတာကို ဝါသနာပါတဲ့ lu အတွက်ဒီလိုရွေးချယ်ခံရတာဟာ သူမကိုအကြီးမားဆုံးလက်ဆောင်ကြီးပေးလိုက်သလိုပါပဲ

ရွေးချယ်ခံရတဲ့နေ့မှာ lu တစ်ယောက်အရမ်းကိုပျော်ရွင်နေခဲ့တယ်လေ ဝမ်းသာကြည်နူးလို့ပြုံးနေတဲ့ lu ရဲ့မျက်နာလေးဟာတကယ့်ကိုလပြည့်ညမှာသာတဲ့လမင်းကြီးလိုပါပဲ hun ရဲ့ရင်ထဲမှာတော့ luရဲ့အပြုံးဟာ ကြည်လင်တဲ့စမ်းရေတွေလိုအေးချမ်းစေခဲ့တယ်လေ သာမာန်နေ့တွေလိုရီနေပြုံးနေတဲ့ lu ရဲ့အပြုံးတွေဟာအဲ့ဒီနေ့မှာတော့hunအတွက်အသက်ရူမှားခဲ့ပြီလေ
Lu ရဲ့တောက်ပပြီးလှပတဲ့မျက်ဝန်းတစ်စုံ
အမြဲတမ်းပန်းနုရောင်သန်းနေတဲ့ lu ရဲ့နုတ်ခမ်းတွေဟာ အဲဒီနေ့မှာတော့hun အတွက်
ပန်းချီမှရေးမမှီတဲ့ ကဗျာဆန်တဲ့ပန်းချီကားတစ်ချပ်ဖြစ်ခဲ့ပါတယ်

သေချာပြီ lu ကိုသူချစ်မိနေပြီဆိုတာ...
သူ့ဘေးနားမှာရှိနေခဲ့တဲ့ lu ဆိုတဲ့ပန်းလေးတစ်ပွင့်ဟာအရမ်းကိုလှပလွန်းလို့ ဒီပန်းလေ့းပိုင်ရှင်မရှိခင်မှာ သူအရင်ခူးဆွတ်ပြီး မြတ်မြတ်နိုးနိုး
အဲ့ဒီပန်းလေးကို သူ့ရင်ခွင်ထဲမှာ ထာဝရ သိမ်းထားချင်ခဲ့မိတယ်...ဒါကြောင့် lu ကိုသူ့ရဲ့အချစ်တွေ ဖွင့်ပြောဖို့ hun ဆုံးဖြတ်လိုက်ပါတယ်

ထာဝရWhere stories live. Discover now