ထာဝရ(၃)

1.7K 163 1
                                    


Lu လေးတစ်ယောက် မမျော်လင့်ဘဲ ကြားလိုက်ရတဲ့စကားတွေကြောင့် ဘာမှမပြောနိုင်တော့ပဲ
hun ရဲ့ရင်ခွင်ထဲကိုအလိုက်သင့်လေးပါလာခဲ့ပါတယ်..hun ရဲ့ရင်ခွင်ထဲမှာ
သူမရဲ့ တစ်ကိုယ်လုံး နစ်သထက်နစ်မြှပ်နေသလို
hun ရဲ့လက်တစ်စုံမှာ lu ရဲ့ကျောပြင်လေးကိုပိုမိုတင်းကျပ်စွာ တိုး၍ ဖတ်လျက်..
...တကယ်ကိုပဲ lu တစ်ယောက်မှာ ချစ်ရတဲ့သူရဲ့ရင်ခွင်ဟာ ပန်းမွေ့ယာပေါ်မှာခေါင်းတင်
ပြီးမှီနေရသလို နွေးထွေးတဲ့အထိအတွေ့တွေ
ကြောင့်လောကကြီးတစ်ခွင်ကိုခေတ္တခနမေ့
သွားစေခဲ့ပါတယ်

Lu pov:::hun ငါလည်းနင့်ကိုချစ်တယ်

ငါကတော့နင့်လိုထုတ်ပြောလို့မဖြစ်နိုင်ဘူးလေ
မတူညီနိုင်တဲ့ဘဝမို့ငါ့ဘက်က နောက်ဆုတ်ပါတယ်hun ရယ် ဒါပေမယ့် ငါ့ရဲ့နှလုံးသားကတော့ ထပ်ခါထပ်ခါအနာခံပြီးနင်မကြားပေမယ့်
နင့်ကိုချစ်တယ်ဆိုတာကိုနေ့တိုင်းပြောနေပါတယ်
နင်ကြားနိုင်ရင်သိပ်ကောင်းမှာပဲhun ရယ်

Lu တစ်ယောက်မျက်ရည်များဝဲလာလျက်

hun:::lu ငါ့ကိုဖြေပါအုံး..ငါနင့်ချစ်တယ်လို့ပြောနေတာ...နင်ရောငါနဲ့ထပ်တူကျရဲ့လားဟင်

Luတစ်ယောက်hunရင်ခွင်ထဲမှ ရုန်းထွက်၍

Lu:::ငါစဉ်းစားအုံးမယ် hun ရယ် ..နင်ကရုတ်တရက်ကြီးဆိုတော့ ငါဘာပြန်ပြောရမလည်းမသိဘူး...ငါ့ကို စဉ်းစားဖို့တစ်ပတ်လောက်အချိန်ပေးပါ..တစ်ပတ်ပြည့်ရင်ဒီနေရာမှာနင့်ကိုငါ
အဖြေပြန်ပေးမယ်လေ...နော်.နော်..နော်

နောက်နေ့မနက်မှာတော့
Lu တစ်ယောက်ကျောင်းသွားဖို့hunကိုစောင့်နေပေမယ့် lu အိမ်ကို hun ရောက်မလာခဲ့ပါဘူး

Luလက်မှနာရီကိုကြည့်လျက်

Lu:::ဟယ် hun လာမခေါ်တော့ဘူးလားမ
သိဘူး..သူဒီနေ့ကျောင်းမတက်တာလား
နေများမကောင်းလို့လား...မဟုတ်လောက်ပါဘူး
မနေ့ကပဲအကောင်းကြီ..ဒါဆို..ငါအဖြေမပေးလို့စိတ်ကောက်သွားတာလား...

Lu omma:::ဟဲ့.သမီးlu ကျောင်းမသွားသေးဘူးလားသွားတော့လေနောက်ကျတော့မယ်

Lu:::ဟုတ် omma ,hunကိုစောင့်နေတာမလာသေးလို့...အာ့ဆိုသမီးသွားတော့
မယ်နော် hunလာရင်သမီးသွားနှင့်ပြီလို့ပြောပေး

ထာဝရWhere stories live. Discover now