ထာဝရ(၉)

1.3K 157 0
                                    


Suho::ဒါဆိုညီရှာတွေ့ပြီလို့ပြောတဲ့
လွန်ခဲ့တဲ့ ၆ နှစ်ကကောင်မလေးက
Luလား............????

Suho, hunရဲ့အိမ်ကိုသွားပြီးhunအခန်းထဲ
က hun အိပ်နေတဲ့ခေါင်းအုံးကို ဇစ်ဖွင့်ပြီး
ရှာလိုက်တယ် ပြားချပ် နေတဲ့အိတ်လေးတစ်
လုံး.....

Suhoယူပြီးထုတ်ကြည့်လိုက်တော့
အဝါရောင်ပုဝါလေးတစ်ထည်....

Suho::ဒီပုဝါလေးကိုညီဘာကြောင့်ခေါင်းအုံး
ထဲထည့်သိမ်းထားရတာလည်း

ပုဝါလေးကိုသူဖြည်ကြည့်လိုက်တယ်

Suho::ဟင်

Suhoရဲ့မျက်လုံးလေးတွေအဝိုင်းသား

ပါဝါလေးမှာရေးထားတဲ့စာနှစ်ကြောင်း
"Sehun love luhan"
"HH is forever"

hunအရင်ကပြောခဲ့တဲ့စကားတွေကို သူ
ပြန်ကြားယောင်မိတယ်

hun::suho hyung ညီသူ့အပေါ်မှာထားတဲ့အချစ်ကလေ...သူနဲ့အနေဝေး
နေပေမယ့် ညီတို့နှစ်ယောက်ကတစ်နေရာ
ထဲမှာရှိနေသလိုပဲ...ညဘက်တွေညီ..အိပ်ပျော်
သွားတဲ့အခါ..အိမ်မက်ထဲမှာအတူတူဆုံ
ကြတယ်...ဒီမှာလေ..သူက..ညီ ကောင်မလေး
ရဲ့ကိုယ်ပွားပေါ့..

ခေါင်းအုံးလေးကိုရင်ခွင်ထဲပိုက်ပြီးသူ့ကို
ပြောပြခဲ့တဲ့..hun ရဲ့ပုံရိပ်တွေ

Suho::aww...ညီရယ်အဲ့လောက်တောင်ပဲ
လား..

Suho တစ်ယောက် ပုဝါလေးကိုလက်ကကိုင်
ပြီး hun ရဲ့ခုတင်ပေါ်မှာတွေတွေကြီးထိုင်
နေမိတယ်

နောက်ဆုံးတော့ ဟန်မြစ်ကို သူကားမောင်း
ထွက်လာခဲ့တယ် ဟန်မြစ်ကမ်းမှာ တိုက်နေတဲ့
အေးမြလတ်ဆက်တဲ့လေဟာ သူ့ရင်ထဲကအပူ
တွေကို မငြိမ်းသတ်နိုင်ဘူးလေ suho ဘောင်း
ဘီအိတ်ထဲက ဗူး လေးတစ်ဗူး ကိုထုတ်လိုက်
တယ် သူ အဖုံး ဖွင့်ကြည့်လိုက်တော့ အထဲမှာ
လက်စွပ်လေးတစ်ကွင်း....သူသိပ်ချစ်ရတဲ့
Lu ဆိုတဲ့ကောင်မလေးကို ချစ်ခွင့်ပန်ဖို့

သူ့အတွက်ဘယ်လိုမှအသုံးမဝင်တော့ဘူးလေ
နောက်ဆုံးတော့ ဗူး လေးကိုအဖုံးပြန်ပိတ်
ပြီး ဟန် မြစ်ထဲ သူ..အားကုန်လွင့်ပစ်လိုက်တယ်

Suho::ဟူး....ငါ ဆိုးလ်ကနေပြန်သင့်နေပြီပဲ
၆ နှစ်လုံးလုံးညီရှာနေတဲ့ကောင်မလေးလည်း
ရှာတွေ့ပြီ ညီကိုငါ စိတ်ချသွားပါပြီ....

ထာဝရWhere stories live. Discover now