အပိုင်း-၁

33.3K 1.1K 28
                                    

မြင့်မားလှသည့် နီညိုရောင် အုတ်တံတိုင်းက ရှည်လျှားလွန်းလှသည် ၊၊ အုတ်တစ်ချပ်ချင်းစီအလိုက် သဘာဝဆန်ဆန် ပုံဖေါ်ထားပုံက မြင်ရသူ စိတ်ကို မျက်စိပဒေသာဖြစ်လွန်းလှသည် ၊၊ ညီညာစွာ တည်ရှိနေသည့် ခြံဝန်းတခါးမြင့်မြင့်ရဲ့ တစ်ဖက်စီမှာ နဂါးပုံ ပြုလုပ်ထားသည်ကို မြင်သည်နှင့် ဒီအိမ်ပိုင်ရှင်ဟာ ကြီးကျယ်မြင့်မြတ်သူဆိုတာ ငေးကြည့်နေသူ ကျွန်မ စိတ်ကို အလိုလို ဖြစ်ပေါ်ခံစားစေသည် ၊၊ ခြံဝင်းရှေ့ရောက်တာတောင် ခြံထဲ မဝင်နိုင်ပဲ ငေးမောကြည့်နေမိသည်အထိ အနုပညာဆန်လွန်းသည်ကို ၊၊ အနုပညာရှင် တိုင်း၏ နေအိမ်တိုင်းက ဒီလိုပဲ အနုပညာဆန်လွန်းသည်လား ၊၊ ဒါတော့ မဖြစ်နိုင်ပါ ၊၊ ကျွန်မ ခြံဝင်းအား ငေးမောကြည့်နေသည်ကို ရပ်ကာ ခြံတခါးဘေးရှိ လူခေါ် ခုလုပ်ကို နိုပ်လိုက်သည် ၊၊ ကျွန်မ ခုလုပ်နိုပ်လိုက်သည်နှင့် အစိမ်းရောင် မီးလေးတစ်ချက် ဖျက်ခနဲ လင်းလတ်သွားသည် ၊၊

'' ဝင်ခဲ့ပါ,,''

ခပ်ရှရှ ထွက်ကျလာသည့် စကားသံက စပီကာမှ ပီပီသသ ကြားလိုက်ရတော့ ကျွန်မ လက်ရှိ ရောက်နေသည့် အနေအထားကို မယုံမရဲ ခံစားနေမိသည် ၊၊ ကျွန်မ အနည်းငယ် အိပ်မက်ဆန်သည့် အတွေးတွေကို ကြိုးစားဖယ်ထုတ်ကာ ကြီးမားသည့် ခြံတခါးဘေးရှိ လူဝင်ပေါက်တခါးသေးသေးကို ကျွန်မ မဝင့်မရဲ တွန်းဖွင့်လိုက်သည် ၊၊ ခြံဝင်းတခါးက ကျွန်မ လက်ထဲ လွယ်ကူစွာ ပွင့်လာတော့ ၊၊ ပထမဦးစွာ ကျွန်မ မြင်ကွင်းထဲ ဝင်လာသည့် အစိမ်းရောင် မြက်ခင်းပြင်ကြီးများကြားရှိ အနီရောင် နှင်းဆီ ပန်းခင်းကြီး ၊၊ ဒါဆို နှင်းဆီပန်းကြိုက်တတ်သည်ဆိုသည့် သူ့အကြောင်းက ကောလဟာလတစ်ခု မဟုတ်ခဲ့ဘူးပေါ့ ၊၊ ခေတ်မီသည့် အဖြူရောင် တိုက်ရှေ့တွင် စိမ်းလမ်းနေသည့် မြက်ခင်းပြင်က ပန်းချီကားတစ်ချပ်လို အသက်ဝင်လှပလွန်းသည်ဆိုရပေမဲ့ မျက်စိတဆုံးရှိနေသည့် အနီရောင် နှင်းဆီပန်းခင်းကြီးကတော့ ထိုလှပမူကို အနည်းငယ်မျှ အရုပ်ဆိုးစေသည်ဟု ကျွန်မ ထင်သည် ၊၊ ကျွန်မသာဆိုရင် ထိုစိမ်းစိုနေမူကို ပန်းရောင်စုံဖြင့် ပွင့်လန်းစေမှာ ၊၊ ကျွန်မ အိစက်နေသည့် မြက်ခင်းစိမ်းစိမ်းပေါ် ခပ်ဖြေးဖြေး လှမ်းလျှောက်နေမိသည် ၊၊ တကယ်ဆို ကျွန်မ ဖိနပ်ချွတ်ကာ လျှောက်ချင်သည် ၊၊ ကျွန်မ ဘာမှ ထပ်မတွေးတော့ပဲ စီးထားသည့် ခပ်ပါးပါးဖိနပ်ကို ချွတ်ကာ ဖိနပ်ကို လက်ဖြင့် ကိုင်လျှက် မြက်ခင်စိမ်းပေါ် လှမ်းလျှောက်လိုက်သည် ၊၊ အေးစက်မူက ကျွန်မ ခြေဖဝါးမှ တဆင့် ကျွန်မ စိတ်ကိုတောင် အေးချမ်းစေသည် ၊၊ ကျွန်မ အိမ်ရှေ့တခါးအရောက် ကိုင်ထားသည့် ဖိနပ်ကို ချကာ အိမ်ထဲဝင်ရန် အိမ်တခါးကို ဆွဲဖွင့်လိုက်သည် ၊၊

အစိမ်းရင့်ရင့် အလွမ်းWhere stories live. Discover now