အပိုင်း-၃

6.9K 656 26
                                    

သူ့ စကားတွေထဲမှာ ကျွန်မ အတန်ကြာ နစ်မျှော်နေခဲ့မိသည် ၊၊ သူပြောနေသည့် စကားလုံးများနှင့် သူ ငေးကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းတွေထဲ ကျွန်မ ထူးဆန်းသည့် အတွေးများနှင့် နားမလည်သည့် ခံစားမူများကို ခံစားနေရပေမယ့် သူ့ စကားရဲ့ ဆိုလိုရင်းကို ကျွန်မ အခုထိ သေချာ သဲသဲကွဲကွဲ အဓိပ္ပါယ်မဖေါ်နိုင်သေးပါ ၊၊ စဉ်းစားရကျပ်နေသည့် ကျွန်မ အတွေးများကြား ကျွန်မ မှတ်စုစာအုပ်ထဲ နောက်ဆုံး ရေးလိုက်မိသည်က ၊၊

{ သူ ,,,}

ကျွန်မ စိတ်ထဲ ထိုသူဆိုသည့် ပုဂ္ဂိုလ်ကို သိချင်စိတ်က ပိုမိုများပြားလာခဲ့သည် ၊၊ သူ့ ဘဝကို အနည်းငယ်မျှ လွှမ်းမိုးခဲ့သော သူ ၊၊ ဟင့်အင်း ၊၊ ထိုသူက သူ့ဘဝကို အလုံးစုံ လွှမ်းမိုးခြင်းလည်း ဖြစ်နိုင်တာပဲနော် ၊၊ TIME မဂ္ဂဇင်းတွင် သုံးကြိမ်မြောက် ရွေးချယ်ခံခဲ့ရဖူးသည့် ကမ္ဘာဆွဲဆောင်မူအရှိဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး kim jaejoong ဆိုသူရဲ့ စိတ်ခံစားမူကို လွှမ်းမိုးနိုင်သူ ဆိုတာ ဘယ်လောက် လူတွေ စိတ်ဝင်စားလိမ့်မလဲ ၊၊ ပြီးတော့ ထိုသူက ယောကျာင်္းတစ်ယောက် ဆိုတာက ကျွန်မ သူ့ နောက်ဆက်တွဲအဖြေတွေကြား သက်သေယူနိုင်ခဲ့ရင် ဒါက ဒီလောကကြီးကိုတောင် ဂယက်ရိုက်သွားနိုင်လိမ့်မည် ၊၊ ကျွန်မ စိတ်အတွေးတွေကို စုစည်းရန် ဘောလ်ပင်ကို တစ်ချက်နိုပ်လိုက်သည် ၊၊ တိတ်ဆိတ်နေသည့် အခန်းထဲ ကျွန်မ ဘောလ်ပင်နိုပ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည် ၊၊ တကယ်ဆို ဂီတသံလေး တစ်ခုခုအဖြစ် သူ ဖွင့်ထားသင့်တာ ၊၊ ဒါဆို အခုလောက် ကျွန်မ စိတ်ကို မွန်းကျပ်နေမည် မထင် ၊၊

'' ဒါဆို အဲဒီ ဖိနပ်ကို ရှင် ဘယ်အရွယ်မှာ စီးခဲ့လဲ ,,,''

'' ဟင့်အင်း!,,, ကျွန်တော် မစီးခဲ့ဘူး,,''

ကျွန်မ ဘောလ်ပင် တစ်ချက်နိုပ်သံ ရပ်တန့်သွားသည် ၊၊ သူ့ကို အထူးအဆန်းလို ငေးကြည့်မိတော့ ၊၊ သူက ကျွန်မကို ပုခုံးတစ်ချက်တွန့်ကာ ပြုံးလိုက်သည် ၊၊ အသက် ၂၈ နှစ်နှင့် လိုက်ဖက်သည့် အပြုံးဆိုပေမယ့် အသက်ထက် ပိုပြီး နုဖက်နေသည့် သူ့ မျက်နာနှင့်တော့ အနည်းငယ်မျှ ကလေးဆန်သလိုပင် ၊၊ ဒါပေမယ့် ဘယ်လိုနေနေ သူက ကြည့်ကောင်းလွန်းသူ ဆိုတာတော့ ကျွန်မ လက်ခံမိသည် ၊၊

အစိမ်းရင့်ရင့် အလွမ်းWhere stories live. Discover now