အပိုင်း-၇

5.8K 602 27
                                    

{ အကျင့် ,,,}

သူ့ စကားများကို နားထောင်ပြီးတော့ မှတ်စုစာအုပ်ထဲ ကျွန်မ နောက်ဆုံးရေးလိုက်မိသည်က အကျင့် ဆိုသည့် စကားလုံးပင် ဖြစ်သည် ၊၊ အလေ့အကျင့် ဆိုသည်မှာ လူသားတွေ နေထိုင်သည့် ဘဝအတွက်တော့ မရှိမဖြစ်ကို လိုအပ်သည့် အပြုအမူ တစ်ခုပင် ဖြစ်သည် ၊၊ တစ်ချို့ ဆိုးဝါးသည့် ကိစ္စရပ်များကို အလေ့အကျင့်အဖြင့် ကြိုတင် လေ့ကျင် သင်ကြားခဲ့သည် မဟုတ်လား ၊၊ နေ့တဒူဝ ကျွန်မတို့ ဖြက်သန်းနေသည့် နေ့စဉ် ပုံမှန်အချိန်ဇယားများတောင်မှ မပြောင်းလဲသည့် အလေ့အကျင့် များနှင့် ဖြတ်ကျော်ရသည်လေ ၊၊ မနက် အိပ်ယာနိုးသည်နှင့် မျက်နာသစ်ရသည်ကလည်း ငယ်စဉ်ကတည်းက လေ့ကျင့်ခံရသည့် အလေ့အကျင့် တစ်ခုလေးပဲ မဟုတ်လား ၊၊ ထို့ကဲ့သို့ အလေ့အကျင့်ထဲတွင် ယခု သူပြောနေသည့် ခွဲခွာခြင်းမျိုးရော ရှိသည်တဲ့လား ၊၊ ခွဲခွာခြင်းက အလေ့အကျင့် တစ်ခု ဖြစ်သည်တဲ့လား ၊၊

'' ခွဲခွာခြင်းက အလေ့အကျင့် တစ်ခုလို ဖြစ်သွားတာလား,,''

ကျွန်မ သိချင်စိတ်ဖြင့် အလိုလို ပွင့်ထွက်လာသည့် စကားကြောင့် ကျွန်မ အရှေ့တွင် ထိုင်နေသည့် သူက ကျွန်မကို ကြည့်လာသည် ၊၊ သူ့ မျက်ဝန်းလှလှလေးထဲမှာ ယူကျုံးမရဖြစ်နေသည့် ခံစားမူလေးတွေကို ကျွန်မ မြင်တွေ့မိတော့ ယောကျာင်္းနှစ်ယောက်ကြားရှိ နှစ်ရှည်လများ ခံစားချက်များကို ကျွန်မ အံ့သြနေမိသည် ၊၊ ထို ခံစားမူများကို အလိုမကျပေမယ့် ထိုငြိတွယ်ခြင်းတွေက အတွေးနဲ့တင် လှပလွန်းတာကို ကျွန်မ ခံစားမိသည် ၊၊

'' ဟင့်အင်း,,''

ခေါင်းလေးခါပြီး ဖြေညင်းစွာ ထွက်ကျလာသည့် စကားသံက တိုးတိုးလေးသာပင် ဖြစ်သည် ၊၊ ဒါပေမယ့် သူ့ဆီက သက်ပြင်းချသံကတော့ ကျယ်လောင်လွန်းလှပါသည် ၊၊ ထိုကျယ်လောင်သည့် သက်ပြင်းချသံနှင့် ကြေကွဲနေသည့် သူ့မျက်ဝန်းတွေက ဘာရယ်မသိ ကျွန်မ စိတ်ကို မွန်းကြပ်နေပါသည် ၊၊ သူက စိတ်ရှုပ်နေမူကို ထိန်းရန်ထင် ညာလက်ချောင်းလေးများဖြင့် သူ့ရဲ့ ဘယ်လက်ရှိလက်သန်းကြွယ်မှ လက်စွပ်ကို ဆော့ကစားနေသည် ၊၊

အစိမ်းရင့်ရင့် အလွမ်းWhere stories live. Discover now