/3/

5.3K 452 20
                                    

"သား​လေး..."

ပါတ်​တီးနဲ့ကျ​နော့်​ကို မြင်​​တော့​မေ​မေအလန့်​တကြားဖြစ်​သွားသည်​...။

သူ့ကိုမြင်​​တော့ ​မေ​မေ့မျက်​နှာမှာ ​ဝေဝါးမှူ​တွေဖြစ်​သွားပီး ....။

"ဘယ်​သူလဲဟင်​.."

ကျ​နော့်​ဒါဏ်​ရာ​တွေထပ်​ သူ့ကိုပိုစိတ်​ဝင်​စားသွားပုံရသည်​....။

-"​မေ​မေ... ဒါသား​ကျောင်းကစီနီယာအစ်​ကိုပါ
Wu YiFan တဲ့... သားစက်​ဘီးလဲလာလာတာ
သူက ကူည်ီ​ပေးတာ...
ဆေးခန်းလဲပြခဲ့ပီးပီ...."

"​အော်​... ဟုတ်​လား.. ​ကျေးဇူးတင်​ပါတယ်
သားရယ်​..
ဒါနဲ့သားက သူ​ဌေးWuနဲ့ ဘယ်​လိုများပါတ်​သတ်​လဲ...."

မေ​မေ့အ​မေးကို သူကမျက်​ခုံးပင့်​ကာ
ပြုံးပြရင်း....

"​ဖေ​ဖေ့ကို အန်​တီက​တွေ့ဖူးလို့လား...."

"သားလား... TV​တွေထဲမှာပဲ ​တွေ့ဖူးတာ​လေ
အရမ်းတူလို့...."

"ဟုတ်​လား..."

သူ့အပြုံး​တောတ်​​တောတ်​တွေကို ဆက်​မကြည့်​ဖြစ်​​တော့ပဲ.....။

"​မေ​မေ ဧည့်​သည်​အတွက်​ တစ်​ခုခုလုပ်​​ပေးပါ...
ကိုကိုလဲလာမယ်​တဲ့...."

မေ​မေထထွက်​သွား​တော့
လှည့်​ကြည့်​​သော သူ့အကြည့်​​တွေက တစ်​မျိုးပဲ...။

"ခ​လေးက ကိုယ့်​ကိုဒီမှာ မရှိ​စေချင်​ဘူးလား...."

ပွင့်​လင်းြေ​ဗာင်​ကျ​သော
သူ့အ​မေး​ကြောင့်​ နဲနဲ​တော့ အားနာမိသွားတယ်​...။

ဟုတ်​တယ်​ မရှိ​စေချင်​ဘူး...။
ဘာကိုမှန်းမသိဘူး ကျ​နော်​​ကြောက်​မိတယ်​...။
မေ​မေနဲ့သူရင်းနှီး​နေမှာ လဲ မလိုချင်​ဘူး....။

"ဟက်​..."

လှောင်​လိုက်​သလို သူ့အသံ​ကြောင့်
ကျ​နော်​ ​မော့ကြည့်​လိုက်​မိစဉ်​....။

ခေါင်းကို ဆတ်​ခနဲပုတ်​လိုက်​ပီး
ဆံပင်​​တွေကို ဆွဲဖွလိုက်​သည့်​သူ.....။

သူဟာ ဘာမှဂရုမစိုက်​ပဲ
သူလုပ်​ချင်​ရာလုပ်​တတ်​တဲ့သူလား....။

အချစ်ဟုခေါ်သော......ထိုအရာOpowieści tętniące życiem. Odkryj je teraz