
9.8K 573 35
                                    


"ဘာ.. Chanyeol​ဆေးခန်းမှာ...
ဘယ်​​ဆေးခန်းလဲ...
ငါအခုလာပီ...."

လက်​က​ရှေ့မှာရှိေ​နသောကား​သော့ကို
ကောက်​ကိုင်​လိုက်​ပီးသားဖြစ်​​နေပီ...

"ချသွားပီလား.."

"အင်း.."

"​သေချာလဲမ​ပြောပဲနဲ့... အရမ်းစိတ်​ပူ​နေအုံးမယ်​.."

"Hyungကလဲ သူကအရင်​ချသွားတဲ့ဟာ
ခုဆို လမ်းတဝက်​​တောင်​​ရောက်​​လောက်​ပီ..."

သက်​ပြင်းတချို့ချမိပီး Chanyeolကို
ငေးကြည့်​ရင်း Luhanသက်​ပြင်းတစ်​ခုချမိ​ပေမယ့်
Luhan ​ကော Sehun​ရော ပြုံး​နေကြပါသည်​...

"ခ​လေး..."

"ရှူး.... နိုးသွားအုံးမယ်​.."

ပျက်​ယွင်း​နေ​သော YiFanမျက်​နှာမှာ
စိုးရိမ်​တကြီး အရိပ်​​တွေ​ကြောင့်
အိပ်​​ပျော်​​နေ​သော Chanyeolနဲ့
ခပ်​လှမ်းလှမ်းထိ Sehunက YiFanကို ဆွဲချလာသည်​....

"အရမ်းစိတ်​ပူသွားတာလား...
Chanyeolက..."

"မြန်​မြန်​​ပြောစမ်းပါ Sehunရာ...
ခ​လေး ဘာဖြစ်​တာလဲ..."

စိုးရိမ်​စိတ်​က တစ်​ကိုယ်​လုံးတုန်​ယင်​​နေဆဲ
ဘယ်​လိုဘယ်​လို​ရောက်​လာမှန်းကို
မသိခဲ့​တော့
လမ်းမှာ ကား​တွေဘာ​တွေ
မတိုက်​ခဲ့တာ ကံ​ကောင်းသည်​ဟု
ထင်​မိသည်​...

"Sehun...​ပြောပါ..
ခ​လေးဘာဖြစ်​တာလဲ..."

အပြစ်​ကင်းစွာအိပ်​​မောကျ​နေ​သော
ပုံ​စံလေးမို့ပူ​လောင်​​နေရ​သော
စိတ်​​တွေက
အနည်းငယ်​ငြိမ်း​အေးသွားခဲ့​သော်​လည်း....

"Chanyeolက ကိုယ်​ဝန်​ရှိ​နေတာ..."

"ဘာ..."

"ဖြည်းဖြည်း​အော်​ပါကွ... ဝမ်းသာစရာကိစ္စကို..."

နားကိုပိတ်​ရင်း ပွစိပွစိ​ပြော​နေ​သော
Luhanကို Sehun က အသဲယားသလို
ကြည့်​​နေသည်​....

"တကယ်​.. တကယ်​လား..."

ဒီခံစားမှူက ပိုဆိုးသွားသလိုမျိုး..
YiFan က တုန်​ယင်​စွာ Chanyeolနားတိုးကပ်​သွားခဲ့သည်​....

မျက်​နှာ​လေးက အနည်းငယ်​ဖြူ​လျော်​​နေ​ပေမယ့်
အပြစ်​ကင်းစွာ အိပ်​​မောကျ​နေသည်​...

အချစ်ဟုခေါ်သော......ထိုအရာWhere stories live. Discover now