/12/

5.8K 490 17
                                    


"အုန်း... ဝုန်း..."

နားထဲမှာကျယ်​​လောင်​စွာ
မြည်​ဟီးသွားခဲ့​သော ​ပေါက်​ကွဲသံတစ်​ခု....

"ဆရာ.. မြန်​မြန်​ထွက်​..
စက်​ရုံထဲ မီး​လောင်​​နေပီ...."

ဒီတစ်​လအတွင်းမှာ ပြဿနာမျိုးစုံနဲ့
ရှုပ်​​ထွေး​နေခဲ့​သော ဒီစက်​ရုံမှာ
လုပ်​ကြံ​နေတဲ့ အတွင်းလူတစ်​​ယောက်​​တော့
ရှိကိုရှိ​နေသည်​မို့ ​သေချာထဲထဲဝင်​ဝင်​​လေ့လာခဲ့မိပီး​နောက်​မှာ..
အန္တရယ်​ဆိုတာ တကယ်​လက်​​တွေ့ကြုံရ​လေပီ...

တစ်​ညတာ ထိုလူယုတ်​မာနဲ့စကား​ပြောဆိုပီး​နောက်​မှာ ကျူးလွန်​ခဲ့​သော သူ့အပြစ်​​တွေကို
လုံးဝသက်​ညှာမ​ပေးနိုင်​ပါဘူးဟု
ဆုံးဖြတ်​ခဲ့တာ​ကြောင့်​ ထိုလူရဲ့ယုတ်​မာမှူက
အဆုံးထိပါ...

စက်​ရုံထဲက ကိုယ်​ကလွတ်​​ပေမယ့်
မလွတ်​​သေးသည့်​ လုပ်​သား​တွေကို
ကူညီ​ပေးဖို့ကြည့်​​နေမိတုန်းမှာ
လက်​ကိုလာဆွဲပီး​ပြေး​လေ​သော
ဒီ​ရောက်​မှ သိရသည့်​အတွင်း​ရေးမှူးရယ်​​လေ...

နောက်​ကိုကြည့်​မိ​တော့
နီရဲတင်းမာ​နေသည့်​ မျက်​နှာထားနဲ့
သံတုတ်​ကိုကိုင်​ပီး ​ပြေးလာ​နေ​သော
အပြစ်​သား.......

အတွင်း​ရေးမှူး​ခေါ်တဲ့အတိုင်း
ကား​ပေါ်ပါလာပီး​နောက်​မှာလဲ..
နောက်​ကထပ်​ကြပ်​မကွာလိုက်​လာ​သော
ထိုလူ​ကြောင့်​ အသက်​လု​မောင်း​ပြေး​နေသည့်
အတွင်း​ရေးမှူးဆီမှ...

"အဲ့ဒီလူ စိတ်​​ဖောက်​ပြန်​သွားပီတဲ့...
တစ်​ညလုံးဆရာ့ကို သတ်​မယ်​ပဲ​ပြော​နေတာတဲ့
သူတကယ်​သတ်​မှာ..."

"ဟင်​.."

ခုနက မူမမှန်​ဟု ထင်​ခဲ့မိသည့်
မျက်​ဝန်း​တွေက ​ပေါ်လာရသည်​....

ကားက​တော့ တဖြည်းဖြည်း နဲ့ ကျ​နော်​မသိသည့်​​နေရာ​တွေ​ရောက်​လာရသည်​.....

"Mr Kim... အရှိန်​​လျှော့ပါလား..."

ခွင့်​ပြုထား​သော အရှိန်​ထပ်​များစွာပို​နေပီမို့
ပြောလိုက်​မိသည်​...

"ဒုတ်​.. "

ဇ​ကောထဲလှိမ့်​သလို ဖြစ်​​နေသည့်​ကား​ကြောင့်
ကုတ်အင်္ကျီအတွင်းအိတ်​ထဲ
ထည့်​ထားမိ​သော ဖုန်းက​လျောကျလာသည်​...

အချစ်ဟုခေါ်သော......ထိုအရာWo Geschichten leben. Entdecke jetzt