"အား..."မျက်လုံးတွေ အလန့်တကြားဖွင့်မိတော့
မျက်နှာကြက်ဖြူဖြူ..ကျတော်အိမ်မက်မက်နေခဲ့တာလား..
အိမ်မက်ကလဲ တကယ်ဖြစ်နေတဲ့အတိုင်းကြီးလား....
ကုံးထလိုက်တော့ မူးနောက်ရီဝေသွားရရင်း
ရင်ထဲမှာလဲ တလှပ်လှပ်...အားမရှိတာနဲ့တူတယ်....
ဟုတ်သား..
သူ Beijing သွားတဲ့နေ့ထဲက
ကျနော်ဖျားနေခဲ့တာပဲ...သူစိတ်ပူမှာ ဆိုးကာ
သူ့ကိုတော့ မပြောဖို့မှာထားခဲ့တာ....ဒီနေ့နဲ့ဆို ၂ရက်..
စက္ကန့်တွေ မိနစ်တွေက မသွားသလိုပဲ
ခံစားရသည်....
ခုကျမှ ကြာနေလိုက်တာ...."ဟား..."
ပြန်မြင်လာရသော အိမ်မက်အပိုင်းအစတွေကြောင့်
အလန့်တကြား ခေါင်းခါထုတ်မိသည်...နဖူးကိုကိုယ့်ဘာသာစမ်းကြည့်မိတော့
ခပ်နွေးနွေးပူနေသေးသည်..အဖျားကျန်နေသေးလို့ သွေးလန့်ကာ
မက်တာဖြစ်ပါလိမ့်မယ်....စိတ်ထဲလဲ တစ်ခုခုကို လန့်နေမိတာမို့
ဒီလိုကြောက်စရာကောင်းတဲ့
အိမ်မက်ကို မက်တာ ဖြစ်မှာပါ...
ကိုယ့်ကိုကိုယ် နှစ်သိမ့်နေမိပေမယ့်
မောဟိုက်နေသည့် ရင်အစုံကပြေလျော့မသွားခဲ့...ဘေးနားမှာ ထောင်ထားသော နှယောက်တွဲဓာတ်ပုံလေးကို ကြည့်မိတော့
ရင်ထဲတလှပ်လှပ်ဖြစ်လာသည်...သိပ်ကြောက်ဖို့ကောင်းသော အိမ်မက်..
သူ့ကို ကျနော့်ရှေ့မှာတင်
ကုန်တင်ကားတစီးကဖြတ်တိုက်သွားခဲ့တာ...ဘေးမှာအသင့်ရှိနေသော ရေတွေမော့သောက်ပီး
ပြန်အိပ်ရင်ထိုအိမ်မက်ပြန်မက်မှာ ဆိုးသောကြောင့်
ထဖို့စဉ်းစားလိုက်သည်...Fan Fan ဘာမှမဖြစ်ပါစေနဲ့.....
ဘာမှမဖြစ်လောက်ပါဘူးနော်..."သားလေးရော..."
"မနိုးသေးဘူး...
အဖျားကလဲ မပြတ်လို့် ခင်ဗျားကိုခေါ်လိုက်ရတာ..."