/8/

6.3K 482 21
                                    


"လက်​ထပ်​ပွဲ ကြီးကြ်ီးကျယ်​ကျယ်
မလုပ်​ချင်​ဘူး...."

"သား...."

အ​လောတကြီးဟန့်​လိုက်​​သော Mr Parkရဲ့အသံ..

Chanyeolက​တော့ YiFanကို
လှမ်းကြည့်​ကာ...

"ကျ​နော်​က သတို့သားဆို
ဖြစ်​ချင်​တာ​ပြောခွင့်​မရှိဘူးလား...."

အေးချမ်းစွာ​ပြောလိုက်​​သော
သူ့စကားအဆုံးမှာ ကျ​နော်​​ဖေ​ဖေ့ကို
ကြည့်​လိုက်​မိသည်​...

ဖေ​ဖေ့မျက်​နှာက တင်းမာ​နေပီ...

"​ပြောခွင့်​ရှိပါတယ်​ ဒါ​ပေမယ့်​...
မင်းယူမှာ လမ်း​ဘေးက​ကောင်​မဟုတ်​ဘူး..
Wu Familyရဲ့ ဆက်​ခံသူ...
အဲ့ဒါကို သတိရပါ...
စောဒကတတ်​တာမျိုး
မလိုချင်​ဘူး.... ငါ​ပြောတဲ့အတိုင်း
နာခံ​စေချင်​တယ်​..."

"ဟုတ်​ကဲ့ သူ​ဌေး​ပြောတဲ့အတိုင်း
ဖြစ်​​စေရပါမယ်​... သား ကတိ​ပေးလိုက်​​လေ..."

"ဟုတ်​ကဲ့..."

ဖေ​ဖေထထွက်​သွား​တော့မှ သူ့ကို​သေချာကြည့်​​တော့
အရုပ်​​လေးချထားသလို ငြိမ်​ငြိမ်​သက်​သက်​ထိုင်​​နေ​လေသည်​...

မျက်​နှာ​လေးကြည့်​ရုံနဲ့
သူ့စိတ်​ထဲ ဘာ​တွေဖြစ်​​နေသလဲ
ကျ​နော်​သိချင်​လိုက်​တာ.....

"​ဖေ​ဖေနဲ့ အတိုက်​အခံမဖြစ်​​စေချင်​ဘူး..
ခ​လေး..."

"အတိုက်​အခံလုပ်​တာ မဟုတ်​ပါဘူး..
ဒီတိုင်းပဲ ကျ​နော့်​ဆန္ဒကို ​ပြောပြတာ...."

ခပ်​စူးစူးကြည့်​ပီး ​ပြောလိုက်​တာ​ကြောင့်​...

"​ဆောရီး ခ​လေး... ကိုယ်​..."

"ရပါတယ်​.. ဒါခင်​​ဗျားအပြစ်​လဲ မဟုတ်​ဘူး​လေ..."

"အင်း.. ပြန်​ရ​အောင်​​... "

"ဟုတ်​ကဲ့..."

လမ်းသွားတာ​တောင်​ ​ကျောပြင်​ကိုဖွဖွဖက်​ထား​သော
သူ့လက်​​ချောင်း​တွေက တဆင့်​​နွေး​ထွေးမှူတစ်​ချို့
ခံစားရသည်​...

Wu YiFan...
သူ... သိပ်​ချစ်​တတ်​တာပဲလား....

¿*************¿?************?

အချစ်ဟုခေါ်သော......ထိုအရာМесто, где живут истории. Откройте их для себя