"Fan Fan Basketball ဆော့ပြပါလား..."နိုးနေပေမယ့် မထဖြစ်သေးပဲ
အိပ်ရာထဲမှာ ရင်ခွင်ထဲ သူ့ကိုပွေ့ပိုက်ထားနေတုန်း
ကျနော့်ရင်ဘတ်ကို လက်ညှိုးထိပ်လေးနဲ့
ထိတွေ့ဆော့ကစားနေရင်း ပြောလိုက်တာ..."ကြည့်ချင်လို့လား..."
"အင်း တစ်ခါပဲကြည့်ဖူးတာလေ.. ထပ်ကြည့်ချင်လို့
Fan Fan မအားရင်လဲအတင်းအကျပ်မဟုတ်ပါဘူး.....""မင်းကဆော့ဆိုရင် ကိုယ်ဆော့ပြမှာပေါ့
အဲ့တာ မသိဘူးလား..."မော့ကြည့်လာပီး ကြည်နူးစွာပြုံးပြပြန်သည်...
မေးဖျားကို မထိတထိမော့နမ်းကာ...
"အဲ့တာဆို ဆော့ပြနော်..."
"အင်း.... တစ်နေ့နေ့..."
"ဟုတ်..."
"ဒါနဲ့ ခလေး... နောက်အပါတ်ထဲ ဖေဖေ့မွေးနေ့ရှိတယ်ဆို.. ဟုတ်လား..."
"အင်း Fan Fan သိတယ်လား..."
"အင်း သိတာပေါ့...
အဲ့ဒါခလေးဘာလုပ်ပေးချင်လဲ...""ဖေဖေကတော့ မိဘမဲ့ကျောင်းမှာ အလှူလုပ်ချင်တယ်တဲ့.. အဲ့ဒါလုပ်ပေးချင်တယ်..."
"ဟုတ်ပီ ဒါပဲလား..."
"အင်း..."
"ဟုတ်ပီ ကိုယ်စီစဉ်ပေးမယ်..."
"ဟုတ်..."
"ကဲ.. ကိုယ်ထတော့မယ်...
ခလေးပြန်အိပ်အုံးမလား...""အင်း မထချင်သေးဘူး..
Fan Fanရေချိုးပီးမှ ထမယ်...""Ok.. မွ...."
ပါးပြင်လေးနှဖက်လုံးကို တဖတ်ဆီအချိန်တော်တော်ကြာ နမ်းရှိုက်ပီးမှ အိပ်ရာကထသွားသော
Wu YiFan...သူကျနော့်ကိုဘယ်လောက်ချစ်ကြောင်း
အချိန်နေရာမရွေး ပြတတ်တဲ့သူ...အဲ့လိုလူမျိုးကိုမှ ပြန်မချစ်ရင် ကျနော်
ရူးနေလို့ပဲပေါ့...ဒါပေမယ့် သူ့ကိုကျနော့်နှုတ်က ချစ်တယ်လို့
တစ်ခါမှမပြောရသေး...
![](https://img.wattpad.com/cover/85265090-288-k662200.jpg)