Epi13-2

72.4K 4.6K 21
                                    

ကျတော့်ကိုမြင်သည်နှင့် ကော်ဖီစေ့တွေကြိတ်နေ
ရာမှ မော့ကြည့်ကာ မူပိုင်အပြုံးနှင့်လှမ်းပြုံးပြ
သည်။ပါးပြင်တစ်ဖက်က သိသိသာသာကိုနီရဲနေ
ဆဲ
ဖြူဖွေးနေသောနို့နှစ်တွေနှင့်ပန်းကွက်တစ်ခုကို
စိတ်ဝင်တစားဆွဲတော့မည်ဖြစ်၍မနှောင့်ယှက်ဖြစ်
တော့ပဲ ညီ့နောက်တွင်သာဝင်ထိုင်နေလိုက်သည်
ဆိုင်ပိတ်ကာနီး ည၈နာရီလည်းကျော်နေပြီမို့
Customer ၆ယောက်လောက်သာရှိတော
့သည်။
သုံးခွက်မြောက်ဆွဲပြီးတော့ ထိုင်နေသောသူ့နား
လာထိုင်လျက် ထပ်ပြုံးပြပြန်၏။ဒါသက်သက်
အဆင်ပြေချင်ယောင်ဆောင်လွန်းနေမှန်းသိသာ
မနေဘူးလားညီ။

""ညီ--အဆင်ပြေရဲ့လား??သွားကိုကောဘာ
လုပ်လိုက်လဲ?""

""ပြေတယ်။Drကမဖာနဲ့တော့ဆိုလို့တခါတည်း
နှုတ်လာလိုက်တယ်။သွားကသေးသေးလေးပဲ
ကျန်တော့တာ။နောက်အချိုတွေစားတာလျှော့မှပဲ"

စကားတွေရေပက်မဝင်အောင် ပြောနေတာညီ့ပုံ
စံမှမဟုတ်ပဲ။ဒါနေ့လည်ကဖုန်းဆက်တဲ့ကိစ္စကိုဘာ
မှမဖြစ်ခဲ့သလိုအတင်းဟန်ဆောင်နေတာ။ကျတော့်ကိုစိတ်သက်သာရာရစေချင်၍ပေါ့ပေါ့ပါး
ပါးနှင့်ပြောဆိုပေးနေပေမယ့် သူ့ရင်ထဲမှာပေါ့ပါး
မသွား။ခုချိန်ကျတော့်ကိုစကားနာထိုးမယ်ဆိုရင်
တောင်ဖြေသာသေးတယ်။ခုခါမှာတော့
အားနာသနားစိတ်တွေနဲ့ပို၍တောင်နင့်လာ
ရတာ။သွားဖာတာလေးကိုတောင်လက်ဖျားတွေ
အေးစက်ပြီးကျတော့်လက်ကိုမလွှတ်တမ်းဆုပ်
ကိုင်ထားခဲ့ဖူးခဲ့တဲ့ညီကနှုတ်ပစ်ဖို့ဆိုတာကိုဘယ်
လောက်အားတင်းထားခဲ့ရမလဲ??
စိတ်မကောင်းဖြစ်ပေမယ့် သနားတယ်ဆိုတဲ့အ
ကြည့်ကိုလုံးဝမကြိုက်တတ်သူမို့ ကျတော်ပုံမှန်
နေပြသင့်သည်မဟုတ်လား??

""မမချိုရောက်လာလား?""

""အင်းလာတယ်။ကိုဇက်ဖုန်းဆက်လွှတ်လိုက်
တာဆို။သူရှိလို့ အဆင်ပြေသွားတာ""

""ညီ့ကို ဖုန်းခေါ်တဲ့ကိစ္စက--""

""အာာာ ကျတော်လည်းအဲ့ဒါပြောမလို့။ကိုဇက်
မေးနေတုန်းစက်ရုံကဖုန်းဆက်လာတာနဲ့ကျတော်လည်းကိုဇက့်ဖုန်းချမိလိုက်တာ။""

ညီWhere stories live. Discover now