Epi28-1

84.7K 5.6K 109
                                    

ညီ့ကို BKသို့ခေါ်သွားကြချိန် ကျတော်ချက်ချင်း
လိုက်မသွားနိုင်။
ညီအတန်တန်မှာခဲ့သလို YGNက ညီလုပ်လက်စ
အလုပ်ကိစ္စတွေကို လွှဲပေးသင့်သူတွေကိုခဏလွှဲ
ပေးထားရသလို ကျတော့်လည်းအလုပ်မှရက်ရှည်
ခွင့်ယူရတော့သည်။
ကျတော်တို့နှစ်ယောက်၏အဖြစ်သည်လည်း
တစ်နိုင်ငံလုံးမသိသူမရှိလောက်အောင်ပင်--
ခုချိန်ချီးကျူးခြင်းဝေဖန်ခြင်းဟူသောလောကဓံ
တရားတွေကိုလျစ်လျူရှုရင်း ကျတော်တို့နှစ်
ယောက်၏ရှေ့ဆက်ရမည့်နေ့ရက်တွေအတွက်သာ
အာရုံစိုက်ထားလိုက်သည်။ညီ~~ကအရွယ်နဲ့မ
လိုက်အောင် ရောဂါဒဏ်ကိုတည်တည်ငြိမ်ငြိမ်နဲ့
ရင်ဆိုင်ပြလေ ကျတော်ကပိုရင့်ကျက်ပြရမည်လေ

""သူ့ကို ဒီလောက်ထိမခံနိုင်ဘူးထင်ခဲ့တာ။သူ့
အရွယ်နဲ့ဆို အများစုကတုန်လှုပ်နေကြပေမယ့်
သူကတော့ အံ့သြစရာကောင်းလောက်အောင်
တည်တည်ငြိမ်ငြိမ်ပဲ နားထောင်နေခဲ့တယ်။အများစုက သူတို့ဘယ်လောက်ခံမှာလဲလို့မေး
တတ်ကြပေမယ့် သူကတော့အသက်ရှင်မယ့်နည်း
လမ်းတွေကို သူကိုယ်တိုင်ကြိုတင်လေ့လာထား
ခဲ့တယ်။""

အသည်းအထူးကု ပါရဂူကြီးထံမှချစ်ရသူ၏
ရဲရင့်မှုအားချီးကျူးခြင်းကိုနာကြားရချိန်သူ့အတွက်
ဂုဏ်ယူဝမ်းမြောက်ခြင်းနှင့်အတူ သနားချစ်ခင်
မှုကြောင့် မျက်ဝန်းအမြုတေတို့သည်​လည်း
သန္ဓေတည်၏

""အခုအခြေအနေကရော Dr""

""HCCဆိုတာက တခြားorganတွေကနေပြန့်
လာတတ်တဲ့ ကင်ဆာမဟုတ်ပဲ အသည်းထဲမှာပဲ
စပြီးအမြစ်တွယ်တတ်တဲ့ ဖြစ်စဉ်မို့--""

မပြောပဲ ခဏရပ်နေသဖြင့် ကျတော်အမောဆို့လာ
သလိုကြီးဖြစ်လာကာအသက်ရှုမဝတော့

""ဆရာတို့ကတော့ ပထမအဆင့်ကိုဖြတ်ကျော်
ပြီး Treamentတွေပေးခဲ့ပေမယ့် ခုCancer
Cellတွေက ထင်သလောက်လျော့နည်းမသွား
သေးဘူး။ဆရာတို့စိုးရိမ်နေတာ Treatment
ဒဏ်တွေမခံနိုင်တော့ချိန် ဆေးတွေရဲ့Side
effectတွေကြောင့် သူရဲ့တခြားအစိတ်အပိုင်း
တွေပါ ထိခိုက်လာမှာစိုးရိမ်နေကြတယ်""

""ခွဲစိတ်ရင်ရော--ခွဲစိတ်ရင် ဘယ်လိုနေမလဲ??"

""Cellတွေက အသည်းရဲ့အရေးကြီးတဲ့အစိတ်
အပိုင်းတွေထဲမှာမို့ ဖြတ်ထုတ်လိုက်ဖို့အဆင်မပြေ
ဘူး။လူနာက တစ်ဦးတည်းသောသားဖြစ်နေ
တော့ဆရာတို့ကဒီနည်းလမ်းကိုရှောင်နိုင်သမျှ
ရှောင်နေကြရတာ--အစားထိုးဖို့ကလည်း--""

ညီWhere stories live. Discover now