Ending

112K 4.9K 399
                                    

""ညီ~~""

နွမ်းကာမှိန်းနေသောညီ။မျက်လုံးများဖွင့်မကြည့်
နိုင်သေးသော ညီ့အား ခေါင်းလေးကိုငုံ့နမ်းတော့
နှုတ်ခမ်းတို့က ပြုံးယဲ့ယဲ့။

""မကြည့်ရဲလောက်အောင် ရှက်နေတယ်ပေါ့
ဟုတ်လား ညီ??""

သွားတန်းလေးတွေပေါ်လာသည်အထိ ရယ်၏။
ချောမောခြင်း။ချစ်စဖွယ်ကောင်းခြင်းနှင့်
့်ယောကျာ်းပီသခြင်း ဤသို့သော်မတူကွဲပြားမှုများ
သည် ညီ့ ထံပါးတွင်တော့ စည်းလုံးခြင်းနဲ့သစ္စာ
ရှိစွာ ယှဉ်တွဲနေထိုင်ကြသည်။

ပိုက်တန်းတွေကြားမှ အပ်များစွာထိုးသွင်းထားခံ
ရသောကြောင့် ယောင်နေသောလက်ဖမိုးတွေ
မျက်ရည်ကျရင် ပိုနာကျင်မှာဆိုး၍ကျတော်မငိုမိ
အောင် ထိန်းထားရသည်။
လက်ဖမိုးပေါ် ခက်ဖွဖွအုပ်ကိုင်သောကျတော့်
လက်အား ပြန်လည်ဆုပ်ကိုင်ထားလေရဲ့။

ပုလင်းချိတ်ပြီးသည်နှင့် Male nurseကအ
လိုက်တသိနှင့်ထွက်သွားပေး၏
မှေးစင်းနေသောမျက်လုံးများဖြင့်မော့ကြည့်နေ
သောညီ။
ညီ့လက်ကိုဆုပ်ကိုင်ကာ ဘေးနားခုံတွင်ဝင်ထိုင်
တော့

""ရတယ်~~ကုတင်ပေါ်မှာသွားအိပ်လေ။""

""ညီ့နားနေချင်လို့""

""ခါးညောင်းလိမ့်မယ်~~""

""ဒါဆို ညီ့ဘေးလာအိပ်မယ်""

ပြောပြောဆိုဆိုနဲ့ ညီ့ဘေးအတင်းဝင်လှဲဖြစ်သည်
ကုတင်က ကျယ်နေတာလည်းမဟုတ်ပေမယ့်
ယောကျာ်းလေးနှစ်ယောက်ပူးပူးကပ်ကပ်အိပ်ရင်
ရသည့်အခြေအနေ။

ပါးပြင်နားမျက်နှာအပ်တော့

""မွှေးတယ်~~""

ဟုခပ်တိုးတိုးဆိုလာ၏

""အင်း ရေချိုးလာတာလေ။""

ကိုယ်ပါးပါးလေးပေါ်လက်တင်ကာ ကလေးချော့
သိပ်သလို ခပ်ဖွဖွလေးပုတ်နေပေးတော့

""ဆရာဝန်တွေRoundလှည့်လာလို့တွေ့သွား
ရင်မကောင်းဘူးနော်""

""ဘာမှမဖြစ်ပါဘူးညီရယ်~~အိပ်တော့။ညီပင်ပန်းနေပြီ""

နှဖူးထက်အနမ်းယာဉ်သက်ဆင်းနားခိုချိန် ကျတော့်လည်ပင်းဆီအလည်ရောက်လာသောညီ့
ထွက်သက်နွေးနွေး။

ညီWhere stories live. Discover now