Epi17

70.7K 6.5K 45
                                    

""ညီ!မင်းကယုန်လား?""

""ဘာလို့--??""

မုန်လာဥနီကို ဂျွတ်ခနဲမြည်အောင်ကိုက်ရင်းဝါး
ရင်းပလုံးပထွေးပြန်မေးသည်။

""အသားလေးဘာလေးစားထမင်းလည်းထပ်
ထည့်""

ဟင်းတွေခပ်ထည့်ပေးကာ ထမင်းတွေပါထခူးပေး
နေသောကိုဇက် ကြောင့်မမချိုကပြုံးစိစိနှင့်လာ
ကြည့်ပြန်သည်။ကျတော်ခေါင်းသာငုံ့ထားလိုက်
တော့၏။ထိုသို့သောဂရုစိုက်မှုများအပေါ်ရှက်ရွံ့မှု
နှင့်နှစ်သက်နေတတ်ပြီလေ။

""ညီ--စားလေကွာ
ဘာမှလည်းမစားရသေးပဲနဲ့။""

""တော်ပြီကိုဇက်။ကျတော်မစားနိုင်တော့ဘူး""

""မရဘူး။ကုန်အောင်စား""

""မစားနိုင်တော့ပါဘူးဆိုဗျာ""

ထည့်ပေးထားသောထမင်းအား ဖြည်းဖြည်းချင်း
ခပ်စားနေ၏။သေချာမတွေ့ဖြစ်သင့်တစ်လ
အတွင်း ပြားချပ်သွားသောကိုယ်လေးကို
Hoodieပွပွကြီးနှင့်ဖုံးကာထားပေမယ့်
့်ကျတော်သိတယ်။ညီတအားပိန်နေတယ်။အရင်
အစားဆို အားရပါးရစားတတ်တဲ့လူက ခုတော့
ဖြည်းဖြည်းချင်းစားနေတယ်။ဒါတောင်ကျတော့်စကားနားထောင်တတ်သည့်သူအကျင့်ကြောင့်သာ။ညီနဲ့ကျတော်ဒီတစ်
လအတွင်းတော်တော်ဝေးကွာခဲ့သလို။Companyကဒီတစ်ခါရေးဆွဲသည့်project
ကနည်းနည်းကြီး၍ကျတော်နေ့ညRunနေရ၏
ညီ့ကိုမပြတ်မကွက်ညဝင်ကြိုဖြစ်သော်လည်း
ညီက ပင်ပန်းတယ်ဟူသောအကြောင်း
ပြချက်နှင့်အိပ်ကာပါလာတတ်၍စကားလည်းသေ
ချာမပြောဖြစ်ကြ။အရင် ဖြူဖွေးကြည်လင်နေသော
အသားက ခုတော့ဖျော့တော့နေသည်။ခုတလော
ရာသီဥတုအေးလာ၍ရာသီအကူးအပြောင်းဆိုနေမကောင်းဖြစ်လေ့ရှိသောညီ့ကိုစိုးရိမ်မိတယ်

ထမင်းကိုဖြေးဖြေးချင်းဝါးနေရာမှ ပျို့တက်လာ
၏။ထိန်းထားသည့်ကြားမှ မရတော့

""ညီ--ဘာဖြစ်""

ပုခုံးကိုကိုင်ကာစိုးရိမ်တကြီးမေးလာသောကိုဇက်
ကို အတင်းတွန်းထုတ်ပြီးသန့်စင်ခန်းထဲသို့သာ
အမြန်ပြေးဝင်။Lockချပြီးသည်နှင့်စားထားသမျှ
ကို ကျတော့်ကိုယ်တွင်းအင်္ဂါတွေကလက်မှမခံနိုင်
တော့ ပြန်ဆန်တက်ကာ ကျတော့်ကိုအပြစ်ပေး
တော့၏

ညီWhere stories live. Discover now