Part 1

509 41 0
                                    

"Ge Ge"

အ​နောက်​​နေ ​အော်​​ခေါ်​နေတဲ့ အသံစူးစူးက သူ့​အတွက်​​တော့ အမှန်​တကယ်​ကို စိတ်​ရှုပ်​စရာတစ်​ခုပါပဲ..

သူထင်​တာ မလွဲဖူးဆိုရင်​ သူမဟာ သူလှည့်​ကြည့်​မှာ မဟုတ်​မှန်း သိ​ပေမဲ့လို့ သူ့ကို လက်​​ဝေ့ယမ်းပြ​နေပါလိမ့်​မယ်​...

"Lu Mei!​တော်​​တော့! သူက​တောင်​ အဖတ်​မလုပ်​တာကို..
နင်​က ဘာဖြစ်​​နေတာတုန်း!"

"အာ...မဟုတ်​ပါဖူးဟ.. Ge Geက စိတ်​ရှုပ်​​နေတဲ့ အချိန်​မို့လို့ပါဟ.."

"ဟက်​!!!
အဲ့တာဆို သူက တစ်​နှစ်​မှာ 366ရက်​ စိတ်​ရှုပ်​​နေတာ​ပေါ့ Mei Mei!"

ထွက်​လာပါပြီ....
ထိုသူ၏ ခနဲ့တဲ့တဲ့စကား​တွေ....

မခံနိုင်​​ပေမဲ့.....
သည်းမခံနိုင်​​ပေမဲ့...
လျစ်​လျူရှုလျက်​သာ......

•••
RED
•••

*​ဗုန်း!!!!!!!

ထုံးစံအတိုင်း ကူညီ​ပေးမဲ့သူမရှိဖူး​လေ..

ပြန့်​ကြဲ​နေတဲ့ စာအုပ်​​တွေ ​ကောက်​တင်​ရင်း ကိုယ့်​ကိုကိုယ်​​သာ ​လှောင်​ပြုံးပြုံးမိပြန်​တယ်​..

"Ge Ge!!!!"

လှေကားထိပ်​က​နေ စိတ်​ပူလွန်းအားကြီးပြီး ​အော်​လိုက်​တဲ့ သူမကို ​တွေ့လိုက်​တာနဲ့ စာအုပ်​​တွေကို မြန်​မြန်​​ကောက်​ပြီး ​ရှောင်​လွှဲမိပြန်​တယ်​...

ဒါမဲ့ ကံကြမ္မာရယ်​...

စေနှင်း​လေသလား??

လက်​ထဲက စာအုပ်​​တွေက ​ချော်​သွားပြီး ကြမ်းပြင်​မှာ တဖန်​ ပြန့်​ကြဲသွားခဲ့ပြန်​တယ်​...

"Ge ရရဲ့လား?ဘယ်​နားထိသွား​သေးတုန်း?!"

လက်​တစ်​ဖက်​​ပေါ်တင်​ပြီး စိုးရိမ်​တကြီး​မေးရှာတဲ့သူမလက်​​တွေကို သူ တစ်​ကိုယ်​​ကောင်းဆန်​စွာ အတ္တကြီးစွာနဲ့ ပုတ်​ချမိခဲ့ပြန်​တယ်​...

"Mei!"

ဟက်​!ထိုသူ!

အ​ဝေးက​နေ ​ကောက်​လာတဲ့ စာအုပ်​ကို သူ့ဆီထိုး​ပေးပြီး သူမရဲ့ လက်​ကို ဆွဲထွက်​သွားပြီ​လေ..

မျက်​လုံးရဲ့ အရိပ်​​ငွေ့​တွေက​တော့ မနှစ်​မြို့မှု အထန်​ထန်​နဲ့​ပေါ့!!!

သူမမျက်​လုံး​တွေက​တော့ ထိုသူ့လက်​က​နေ​ကျော်​ပြီး သူ့ဆီမှာကျန်​ခဲ့တာ​တော့ ​ပြောစရာကို မလိုဖူး...

မျက်​လုံးရဲ့ အစွန်းအဖျားက လူအများရဲ့ အံ့ဩတီးတိုးမှု​တွေကလဲ ​ရေစုန်​​မြောလာရင်း​ပေါ့.....

ဒါမဲ့လဲ စုန်​​ရေကို မိုက်​ရူးရဲဆန်​စွာ ဆန်​ကူးရင်း......

•••
RED
•••

မျက်​လုံးရိပ်​ထဲမှာ ထိုသူ့ကို ​တွေ့တာနဲ့​တောင်
စိတ်​ရှုပ်​လာတယ်​...
ပူ​လောင်​လာတယ်​......
ကျဉ်းကျပ်​လာတယ်​......
ဒေါသထွက်​လာတယ်​.......

ဒါမဲ့....အမှန်​တရားက...
ဝမ်းနည်းလာတယ်​.....
အားငယ်​လာတယ်​........
သိမ်​ငယ်​လာခဲ့တာ............

•••
RED
•••

သူ့​ဘေးနားမှာ ရှိ​နေ​ပေးတဲ့ အနီးဆုံး သူမနဲ့ ထိုသူ့ကို သူအ​ဝေးဆုံးရဲ့ အ​ဝေးဆုံးကို နယ်​နှင်​ဒဏ်​​စေလွှတ်​​စေချင်​ခဲ့တယ်​...

သူတို့နှစ်​​ယောက်​ရဲ့ အရိပ်​​တွေ ​လွှမ်းမိုးခံ​နေရတဲ့ ကိုယ့်​ကိုကိုယ်​ဟာလဲ ဒီပြစ်​ဒဏ်​ကို သူ့တို့ကို ချမှတ်​မဲ့အစား ကိုယ့်ကို့​ကိုယ်​ပဲ အစား သတ်​မှတ်​လိုက်​ရတယ်​....

ဒါ သူ့ရဲ့ ပထမဆုံး​သော စွန့်​စားခြင်းတစ်​ခု!

•••
RED
•••

20/1/17 1:01 AM

RED[HIATUS]Where stories live. Discover now