Part-7

101 14 2
                                    

အဖြူ​ရောင်​ မျက်​နှာကျက်​ကို ​မော့ကြည့်​ရင်း ကုန်​လွန်​သွား​သော စက္ကန့်​များကို ​ရေတွက်​မိသည်​။
ဂဏန်း​ပေါင်း ငါး​ထောင့်​ရှစ်​ရာ ​ကျော်​သွား​သော်​လည်း သူ အိပ်​မ​ပျော်​နိုင်​ ။
ဘေးဘီလှည့်​ကြည့်​​သော်​လည်း လူတစ်​​ယောက်​မှ မရှိသည့်​ သီးသန့်​ခန်းဖြစ်​​နေသည်​ကို သူမုန်းမိပါ၏။

မီး​ရောင်​​ဖျော့​ဖျော့က သူ့နံ​ဘေးတွင်​ ဖြာကျ​နေ၏။ သူ ပြတင်း​ပေါက်​နား ​လျှောက်​ရင်း ​ဆေးရုံဝင်းထဲ လူ​ခြေမပြတ်​​သော ပုံရိပ်​တို့ကို ခတ္တ​စောင့်​ကြည့်​​နေလိုက်​သည်​။
နောက်​​တော့ သူ ... ​ဆေးရုံဝတ်​စုံကို ​သေချာပြန်​​ခေါက်​​ပေးခဲ့ကာ ​​မှောင်​ပိန်း​နေ​သော အခန်းကို ​နောက်​ထပ်​လှည့်​မကြည့်​ဘဲ ထွက်​ခွာခဲ့ပါသည်​။


*******************


ဆိုးလ်​မြို့၏ ပလက်​​ဖောင်းများတွင်​ လူတစ်​​ယောက်​မှ မရှိ။
နေထွက်​လာ​တော့မည်​ဖြစ်​​သော်​​ကြောင့်​ ​ကောင်းကင်​မှာ အ​ရောင်​ ​ပြောင်းစပြု​နေပါ​သော်​လည်း ​မှောင်​​နေ​သေးသည်​။

တစ်​ခါတ​လေ ကြယ်​​တွေကို ကြည့်​ဖို့ သူထိုင်​ချသည်​။ တစ်​ခါတ​လေ မြက်​​တွေကို လျစ်​လျူရှုပြီး သူဆက်​သွားသည်​။
လျှောက်​သာ ​လျှောက်​သည်​။ ဘယ်​​နေရာ​တွေမှန်းလည်း မသိ၊ လမ်းချိုး​တွေ့လျှင်​ ချိုးဝင်​လိုက်​သည်​။ လမ်းမရှိ​တော့လျှင်​ ​နောက်​ပြန်​လှည့်​သည်​။ မည်​သို့ပင်​ သူ ပြုမူ​နေ​စေကာမူ သူ့ကို ​စောင့်​ကြည့်​​နေမည့်​သူမရှိ ။ ခဏအကြာတွင်​​တော့ သူ လှုပ်​ရှား​နေရင်းနဲ့ပင်​ လူ​တွေအကြား တိုးဝင်​လာရ​တော့၏။



*************************

သုံးရက်​​လောက်​ လမ်း​လျှောက်​​နေပြီး​နောက်​တွင်​ LuHan...သူ ပင်​ပန်းမှုကို သည်းမခံ​တော့​ပေ။ အချိန်​တိုင်း သူ စိတ်​လွတ်​ကိုယ်​လွတ်​ ​လျှောက်​​နေပါ​သော်​လည်း ဆိုးလ်​မြို့ထဲက မထွက်​သည်​ကို သူသိ​သေးပါ၏ ။

နေကပူလွန်းသည်​။ သူ့ခန္ဓာကိုယ်​ကလည်း အနံ့မျိုးစုံနှင့်​ ​ရော​ထွေးကာ ပင်​ပန်း​နေ​လေပြီ။ သူ တဖြည်းဖြည်း အားအင်​တို့ ကုန်​ခမ်းလာသည်​....ကို သိ​သော်​လည်း ရပ်​နားချင်​စိတ်​မရှိ​သေး။

You've reached the end of published parts.

⏰ Last updated: Jun 13, 2018 ⏰

Add this story to your Library to get notified about new parts!

RED[HIATUS]Where stories live. Discover now