Part 2

339 31 3
                                    

မိခင်​မဟုတ်​​သော ​ကျောင်း​တော်​ကြီးမှ အ​ဆောင်​သို့ ပြန်​ရာလမ်းတစ်​​လျှောက်​သည်​ ဓာတ်​တိုင်​တို့ထွန်းထားပါ​သော်​လဲ ​မှောင်​မိုက်​​နေ၏...

မြေပြင်​သို့ ​ကြွေကျခတွား​နေ​သော ယူကလစ်​ပင်​မှ သစ်​ရွက်​​ခြောက်​က​လေးများသည်​ သူ့​ခြေ​ထောက်​​အောက်​တွင်​ ​ကြေမွပျက်​စီးခြင်းအသွင်​ကို ထပ်​မံ​ရောက်​ရပြန်​၏...

လေရူးသုန်​သုန်​တိုက်​ခတ်​​နေ​သော ညချမ်း၏ ​လေပြင်းသည်​လဲ အသည်းတခိုက်​ခိုက်​ ​ရက်​စက်​စွာ ​အေးမြပါဘိ!!!

မီးများ ထွန်းလင်း​နေရာ အ​ဆောက်​အအုံကြီး၏ အစိမ်း​နု​ရောင်​ တံခါး​လေးသည်​ ​အေးချမ်းခြင်းမရှိ ပူ​လောင်​​နေပြန်​သည်​..

လွယ်​အိတ်​​ထက်​တွင်​ ပုံကျ​နေခဲ့တာ ကြာပြီဖြစ်​​သော Hoddieမှ ​ခေါင်း​ဆောင်း​လေးသည်​ သူဒီအချိန်​တွင်​ အသုံးပြု၍ ​ဆောင်းလိုက်​ရပြန်​​တော့သည်​....

ထိုစဉ်​ မီးအိမ်​ဝါ​လေး​အောက်​မှာ ငြိမ်​သက်​​နေခဲ့​သော အစိမ်းနု​ရောင်​ တံခါးက​လေးသည်​ စိမ်းကားခြင်းတို့ကို ​စေလွှတ်​လိုက်​ပြန်​၏....

တံခါးမုခ်​ဝကို ​ကျော်​၍ သုံးထစ်​​သော ​လှေကားအစွန်​အဖျားတွင်​ ရပ်​ကြည့်​​နေ​သော ထိုသူ၏ မျက်​ဝန်းများမှာ အလိုမကျမှု​တွေက ပြည့်​နှက်​​နေခဲ့​လေသည်​...

"မင်းပြန်​လာတာ ​နောက်​ကျပြန်​ပြီ...."

အ​ဆောင်​ပိတ်​ချိန်​ထက်​ ဆယ့်​ငါးမိနစ်​​စောပြီး ​ရောက်​​နေပါ​သော်​လဲ အပြစ်​​ပြောချင်​​နေသူအဖို့က​တော့ အပြစ်​တစ်​ခုပင်​..

သူ့စကားကို ခွန်းတုံ့မပြန်​ပဲ တိတ်​ဆိတ်​​နေ​ရောထင့်​!!!
ထိုသူက တချို့​သော စကားတို့ကို ပြန်​ဆိုလာခဲ့ပြန်​သည်​..

"မင်းMei Meiကို ဘာလို့ ဒီလို​တွေ လုပ်​​နေတာလဲ?!ဟင်​?"

တကယ်​တမ်းကြ​တော့လဲ ထိုသူ့ရဲ့ အမြင်​မကြည်​မှု အ​ကြောင်းပြချက်​က ဒါပါပဲ.....
ဒီဘူတာ ဒီခရီးပဲ...

သူ ထပ်​၍ ခွန်းတုံ့မပြန်​ခဲ့ပါ....
စွံ့အ​နေခြင်း မဟုတ်​သလို..............
နာကျင်​​အောင့်​သက်​မှုအတွက်​ ခွန်းတုံ့မပြန်​ခဲ့ခြင်းသာ....

RED[HIATUS]Tempat cerita menjadi hidup. Temukan sekarang